DVB Logo
Home
မြန်မာသတင်း
ငပုတောမြို့နယ်တွင် တောဆင်ရိုင်း ၁ ကောင် အသတ်ခံရ 
DVB
·
January 25, 2020
Donate to DVB

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်  ပုသိမ်-မော်တင်ကားလမ်း မိုင်တိုင်အမှတ် (၄၁/၄) အနီးက ဆင်မသစ်တောကြိုးဝိုင်းအတွင်းမှာ တောဆင်ရိုင်းအမ ၁ ကောင် အရေခွံခွာလျက်သေဆုံး နေတယ်လို့ အမှတ် ၂ ဆင်အခြေစိုက်စခန်းရဲတပ်ဖွဲ့က သိရပါတယ်။

အဲဒီဆင်ကို အမှတ် ၂ ဆင်အခြေစိုက်စခန်းက ရဲတပ်ဖွဲ့ဝင်တွေ၊ ငပုတောမြို့နယ်သစ်တောဦး စီးဌာနက တာဝန်ရှိသူတွေနဲ့ ငရုတ်ကောင်းတောင်အုပ်ချုပ်ရေးမှူးတို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တို့ နယ်မြေရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်နေစဉ် တွေ့ရှိခဲ့တာပါ။

“ဒေသခံတွေက သတင်းပို့တာ၊ ဆင်တွေ ပြေးလွှာနေသံကြားနေရတယ်ဆိုပြီးတော့ ၂၃ ရက်ညပိုင်းက ကျနော်တို့ဆီ ဆက်သွယ်လာတာ။ ၂၄ ရက်နေ့ မနက်ပိုင်းကစပြီး သတင်းကြားတဲ့ နေရာသစ်တောတဝိုက်ကို နယ်မြေရှင်းလင်းရေးလုပ်ပြီး ရှာတာပေါ့၊ တွေ့တဲ့အချိန်မှာ ဆင်က အရေခွံတွေခွာထားပြီးပြီ။ ဆင်သတ်တဲ့သူ ၂ ယောက်ကတော့ လွတ်သွားတာပေါ့၊ ခုတော့ ဖမ်းမိ အောင် ပိတ်ဆို့တာတွေ လုပ်ပြီး ရှာဖွေရေး လုပ်နေပါတယ်” လို့ ပူးပေါင်းပါဝင်ခဲ့သူ တင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်းက ပြောပါတယ်။

ပူးပေါင်းအဖွဲ့တွေ ဆင်အသတ်ခံရတဲ့နေရာကို ရောက်ရှိချိန်မှာတော့ သတ်ထားတဲ့ ဆင်အပြင် ခွာထားတဲ့ အရေခွံတွေ၊ ဖြတ်ထားတဲ့ နှာမောင်းနဲ့အမှီးတွေကို တွေ့ရပြီး ဆင်သတ်မုဆိုး ၂ ယောက်ကတော့  ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရပါတယ်။

လက်တလောမှာတော့ ထွက်ပြေးနေတဲ့ ဆင်မုဆိုးတွေကို ဖမ်းမိဖို့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံနယ်မြေကျွမ်းကျင်သူတွေ ပူးပေါင်းပြီး ဆင်မသစ်တောကြိုးဝိုင်းနဲ့ မဲဇလီသစ်တော ကြိုးဝိုင်းထဲက ဝင်၊ ထွက်ပေါက်တွေကို ပိတ်ဆို့စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသတ်ခံခဲ့ရတဲ့ တောဆင်ရိုင်းအမဟာ အသက် ၂၈ နှစ်အရွယ်ခန့်ရှိပြီး အရပ် ၇ ပေ ၆ လက်မခန့်ရှိပါတယ်။

ဧရာဝတီတိုင်းမှာ ၂၀၁၉ခုနှစ်အတွင်း တောဆင်ရိုင်း ၄ ယောက်အသတ်ခံခဲ့ရပြီး တောဆင်ရိုင်း ၂ ကောင်မှာ ကျန်းမာရေးမကောင်းတာကြောင့် သေဆုံးခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးရဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013