DVB Logo
Home
မြန်မာသတင်း
ထားဝယ် ကမ်းနားစျေးအသစ် ဖေဖော်ဝါရီ ၈ ရက်နေ့ စတင်ရောင်းချခွင့်ပြုမည်
DVB
·
January 25, 2020
ထားဝယ် ကမ်းနားစျေးအသစ် ဖေဖော်ဝါရီ ၈ ရက်နေ့ စတင်ရောင်းချခွင့်ပြုမည်
Donate to DVB

ထားဝယ်မြို့ ကမ်းနားဈေး (ပျံကျဈေး)သစ်မှာ ဖေဖော်ဝါရီ ၈ ရက်ကစပြီး ဈေးရောင်းခွင့်ပေးတော့မယ်လို့ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောပါတယ်။

စျေးသည်တွေကို ပြန်နေရာချပေးဖို့ ကြန့်ကြာနေတယ်လို့ ဝေဖန်သံတွေ ထွက်ပေါ်လာတဲ့နောက် အခုလို့ ရောင်းခွင့်ပေးတော့မယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၄ ရက်က အဲဒီဈေးနဲ့ပတ်သက်လို့ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်စိန်၊ တိုင်းဒေသကြီး/ထားဝယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီတို့က တာဝန်ရှိသူတွေနဲ့ တိုင်းဒေသကြီးလွှတ်တော်မှာ ဆွေးနွေးခဲ့ပြီးနောက် အထက်ပါအတိုင်း သဘောတူညီမှုရရှိခဲ့တယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက “ဖေဖော်ဝါရီ ၈ ရက်နေ့ဆို စတင်ရောင်းမယ်၊ နေရာချထားရေးနဲ့ပတ်သက်တာ အရင်က စာရင်းကောက်ထားတဲ့ အစီအစဉ်အတိုင်း ချပေးမယ်” လို့ ပြောပါတယ်။

အဲဒီပျံကျစျေးမှာ စျေးရောင်းမယ့်နေရာအတွက် ဈေးသည်များ အခကြေးငွေပေးဖို့ မလိုဘဲ မနက် ၂ နာရီကနေ ည ၇နာရီအထိ စျေးရောင်းချခွင့်ပေးမယ်လို့ သိရပါတယ်။

ပျံကျစျေးအတွင်း စျေးရောင်းချသူ ၄၈၃ ဦးကို နေရာချထားပေးတဲ့အပြင် ပျံကျစျေးရုံအတွင်း နေရာလပ်ရင် မည်သူမဆို လာရောင်းနိုင်ပြီး ပျံကျစျေးအပြင်ဘက်မှာ စျေးရောင်းချတာကို ခွင့်မပြုတော့ဘူးလို့ ထား၀ယ်မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးလှဦးက ပြောပါတယ်။

ပျံကျစျေးဆောက်ဖို့ ၂၀၁၉ ခုနှစ်၊ ဇူလိုင်  ၄ ရက်က ဆိပ်ကမ်းသာပန်းခြံကပ်လျက် ကွင်းပြင်နေရာနဲ့ ပန်းခြံအနောက်ဘက်က ဆိပ်ကမ်းသာလမ်းနံဘေး ကွင်းပြင်နေရာဆီ ဟင်းသီးဟင်းရွက်ဆိုင် ၂၈၁ ဆိုင်၊ ငါးရောင်းသူ ၇၈ ဆိုင်၊ ငါး/ဟင်းရွက်ဆိုင် ၁၀၀ ဆိုင် စုစုပေါင်း ၄၅၉ ဆိုင်နဲ့ ငါးဒိုင် ၁၀ ဆိုင်တို့ကို စည်ပင်က ယာယီပြောင်းရွှေ့ နေရာချပေးခဲ့ပါတယ်။

အဲဒီနောက် ပျံကျစျေးနေရာမှာ တိုင်းအစိုးရရဲ့ ခွင့်ပြုရန်ပုံငွေ ကျပ် ၃၁၆၄ သိန်းနဲ့ ပေ ၁၆၀၊ ပေ ၁၀၀ ရှိ တထပ်စျေးရုံ ၁ လုံး၊ ပေ ၈၀၊ ၄၄  ပေ စျေးရုံ ၂ လုံး၊ ပေ ၈၀၊ ၂၄ ပေ၊ စျေးရုံ ၁ လုံးအပြင် ရေမြောင်းဖောက်တာ၊ စည်းရိုးကာတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ကမ်းနားစျေး (ပျံကျစျေး)ဟာ သား/ငါးနဲ့ ဟင်းသီးဟင်းရွက် ပစ္စည်းတွေ ဝယ်ယူဖို့ ထားဝယ်ဒေသခံတွေ အားထားရတဲ့စျေးတခုဖြစ်ပြီး ဟင်းသီးဟင်းရွက်၊ စားသောက်ကုန်၊ ငါးဒိုင်/ အသားငါး၊ ဆန် စတာတွေ ရောင်းချနေပါတယ်။

တင့်လွင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013