
အစ္စရေးစစ်တပ်ဟာ မေ ၂၇ ရက်က ဂါဇာစီးတီးမှာရှိတဲ့ တိုက်ခန်းအဆောက်အအုံတခုကို တိုက်ခိုက်ခဲ့ရာမှာ အနည်းဆုံး လူ ၄ ယောက် သေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။
အစ္စရေးစစ်တပ်ကတော့ ဒီစစ်ဆင်ရေးဟာ ဂါဇာမြောက်ပိုင်းရှိ ဟားမာ့စ် စစ်သွေးကြွ အဓိက ခေါင်းဆောင် ၂ ယောက်ကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ပြောပေမဲ့ နောက်ထပ် အသေးစိတ် အချက်အလက်တွေကိုတော့ ချက်ချင်း ထုတ်ဖော်မပြောပါဘူး။
ဒီဖြစ်စဉ်ဟာ အောက်တိုဘာလ အပစ်အခတ်ရပ်စဲရေးအပြီး နောက်ပိုင်း ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကြားထဲမှာပဲ ပေါ်ပေါက်လာတာဖြစ်ပါတယ်။
အဲဒီအချိန်ကစပြီး တိုက်ခိုက်ရေးသမားနဲ့ အရပ်သား ခွဲခြားဖော်ပြခြင်းမရှိဘဲ ပါလက်စတိုင်းလူမျိုး ၉၀၀ လောက် သေဆုံးခဲ့ရတယ်လို့ ဂါဇာကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။
အလားတူ ကာလအတွင်းမှာပဲ စစ်သွေးကြွတွေကြောင့် သူတို့ရဲ့ စစ်သား ၄ ယောက် သေဆုံးခဲ့ ရတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
Source:Reuters










