DVB Logo
Home
မြန်မာသတင်း
မြန်မာနှင့် တရုတ်တို့ သဘောတူညီခဲ့သည့် စာချုပ်နှင့် နားလည်မှု စာချွန်လွှာ ၃၃ ခု
DVB
·
January 19, 2020
မြန်မာနှင့် တရုတ်တို့ သဘောတူညီခဲ့သည့် စာချုပ်နှင့် နားလည်မှု စာချွန်လွှာ ၃၃ ခု
Donate to DVB

တရုတ် အမျိုးသားရုပ်မြင်သံကြား၊ အသံလွှင့်ဌာနနဲ့ မြန်မာ ပြန်ကြားရေးဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်ရေး၊ ရန်ကုန် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ် စတာတွေ အပါအဝင် သဘောတူစာချုပ်နဲ့ နားလည်မှုစာချွန်လွှာ ၃၃ ခုကို မြန်မာနဲ့ တရုတ်အစိုးရတို့ ဇန်နဝါရီ ၁၈ ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော်မှာ လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြပါတယ်။

သဘောတူစာချုပ် ၅  ခု၊ နားလည်မှု၊ လဲလှယ်မှု စာချွန်လွှာ ၁၅ ခု၊ စာလွှာ ၉ ခု၊ သဘောတူညီချက် ၄ ခု တို့ကို နှစ်နိုင်ငံ သက်ဆိုင်ရာဝန်ကြီးနဲ့ တာဝန်ရှိသူ အသီးသီးတို့က လက်မှတ်ထိုးခဲ့ကြတာပါ။

၁။ ကုန်ထုတ်စွမ်းအားနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ။

၂။ ရွှေလီ-မူဆယ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် မူဘောင်သဘောတူ စာချုပ်လုပ်ငန်းစဉ်များ လျင်မြန်တိုးတက်စေရေး နားလည်မှုစာချွန်လွှာ။

၃။ ကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းအဖွဲ့တည်ထောင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ။

၄။ ၂၀၂၀ လန်ချန်း-မဲခေါင် ရုပ်မြင်သံကြား သီတင်းပတ်၏ “မြန်မာနေ့” ပူးတွဲကျင်းပရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ။

၅။ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာ။

၆။ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးနားလည်မှု စာချွန်လွှာ။

၇။ မန္တလေးတိုင်းဒေသကြီးနှင့် ယူနန်ပြည်နယ်အကြား တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ပူးတွဲတည်ထောင်ရေး မူဘောင်အောက်မှ ဒေသန္တရအဆင့် ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ။

၈။ ရန်ကုန်တိုင်းဒေသကြီးနှင့် ယူနန်ပြည်နယ်တို့အကြား ချစ်ကြည်ရေးဆက်ဆံမှု တည်ထောင်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာ။

၉။ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ။

၁၀။ တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှု ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ။

၁၁။ နှစ်နိုင်ငံဘောလုံးအဖွဲ့ချုပ်များ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ။

၁၂။ ရန်ကုန်ရဲကွပ်ကဲမှုဗဟိုဌာနအား လွှဲပြောင်းခြင်း စာလွှာ။

၁၃။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ ကင်းလှည့်ရေယာဉ် (၆) စီး ပေးအပ်ရေး လဲလှယ်မှုစာလွှာ။ 

၁၄။ (၃) နှစ်တာ နယ်စပ်ဒေသများ ဖွံ့ဖြိုးမှုစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ လဲလှယ်မှုစာလွှာ။ 

၁၅။ စိုက်ပျိုးရေး ထွက်ကုန်များ၏ အရည်အသွေးထိန်းချုပ်မှု ဗဟိုဌာနစီမံကိန်းဆိုင်ရာစာလွှာ။

၁၆။ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထားရေးစီမံကိန်း ဖြစ်နိုင်ခြေ လေ့လာမှုဆိုင်ရာ လဲလှယ်မှုစာလွှာ။

၁၇။ မန္တလေး-ထီးချိုင့်-မူဆယ် အမြန်လမ်းမကြီးနှင့် ကျောက်ဖြူ-နေပြည်တော် အဝေးပြေး လမ်းမကြီးစီမံကိန်း ဖြစ်နိုင်ခြေ လေ့လာမှုအစီရင်ခံစာ လွှဲပြောင်းခြင်းစာလွှာ။

၁၈။ မူဆယ်-မန္တလေးရထားလမ်း ဖြစ်နိုင်ခြေလေ့လာမှု အစီရင်ခံစာ လွှဲပြောင်းခြင်းစာလွှာ။

၁၉။ ရန်ကုန်မြို့တော်အတွက် မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသစ် စာလွှာ။

၂၀။ စပ်မျိုးစပါး သုတေသနဗဟိုဌာန စီမံကိန်းဆိုင်ရာစာလွှာ။

၂၁။ နှစ်နိုင်ငံ သံရုံးမြေနှင့် အဆောက်အအုံ အပြန်အလှန်ထောက်ပံ့ခြင်းဆိုင်ရာ သဘောတူညီချက်၊ 

၂၂။ တရုတ်အမျိုးသားရုပ်မြင်သံကြား၊ အသံလွှင့်ဌာနနှင့် မြန်မာပြန်ကြားရေးဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်။

၂၃။ အမှတ်(၂) စက်မှုသင်တန်းကျောင်း (မန္တလေး) အဆင့်မြှင့်တင်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှု သဘောတူညီချက်။

၂၄။ ကွမ်းလုံတံတားစီမံကိန်း အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက်။

၂၅။ မြန်မာနိုင်ငံမှဆန်ကို တရုတ်နိုင်ငံသို့ တင်ပို့ရန် စစ်ဆေးခြင်းနှင့် ပိုးမွှားကင်းစင်ရေး သဘောတူစာချုပ်။

၂၆။ မြန်မာနိုင်ငံမှ အပူပေးစနစ်ဖြင့် ပြုပြင်ထုတ်လုပ်ထားသော ပိုးအိမ်ခြောက်များ တင်ပို့ခြင်းဆိုင်ရာ သဘောတူစာချုပ်၊ 

၂၇။ အတိုးမဲ့ချေးငွေဖြင့် လူစီးရထားတွဲများဝယ်ယူရေး အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူစာချုပ်။

၂၈။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့တင်ပို့မည့် ကျွဲနွားများအတွက် ထိန်းသိမ်းစောင့်ကြည့်ရေးနှင့် ကျန်းမာရေး လိုအပ်ချက်ဆိုင်ရာ သဘောတူစာချုပ်။

၂၉။ ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ သဘောတူစာချုပ်နှင့် အစုရှယ်ယာများနှင့် သက်ဆိုင်သော သဘောတူစာချုပ်။

ခရီးစဉ်အတွင်း သီးခြား လက်မှတ်ရေးထိုးခဲ့ကြတဲ့ နားလည်မှုစာချွန်လွှာများ–

၁။ ရန်ကုန်မြစ်ဝ အနောက်ဘက်ကမ်းထိန်းသိမ်းရေး စီမံကိန်း ဖြစ်နိုင်ခြေ လေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ။

၂။ မန္တလေး-ပုဂံ ရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေ လေ့လာမှု နားလည်မှုစာချွန်လွှာ။

၃။ မီးလင်းချိုင်သဘာဝ ဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အားထုတ်မှုဆိုင်ရာ စာလွှာ။

၄။ “ဝ” တစ်လုံး ဥမင်လိုဏ်ခေါင်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013