DVB Logo
Home
မြန်မာသတင်း
မော်လမြိုင် Walking Street ရေရှည်တည်တံ့ရေး စည်းကမ်းရှိကြရန် ဝန်ကြီးချုပ် မေတ္တာရပ်ခံ
DVB
·
January 19, 2020
မော်လမြိုင် Walking Street ရေရှည်တည်တံ့ရေး စည်းကမ်းရှိကြရန် ဝန်ကြီးချုပ် မေတ္တာရပ်ခံ
1 / 3
Donate to DVB

မွန်ပြည်နယ်ရဲ့ ပထမဆုံး မော်လမြိုင် ကမ်းနားလမ်း Walking Street ရေရှည် အောင်မြင်ရေးအတွက် အားလုံး စည်းကမ်းရှိပေးကြဖို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မေတ္တာရပ်ခံလိုက်ပါတယ်။ 

ရိုးရာယဉ်ကျေးမှု ဖျော်ဖြေရေးအစီအစဉ်တွေ ပါဝင်တဲ့ Walking Street ကို ဇန်နဝါရီ ၁၈ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲမှာ ဝန်ကြီးချုပ်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။



ပြည်တွင်း ပြည်ပ ခရီးသွားတွေအတွက် ဆွဲဆောင်မှုရှိတဲ့နေရာတခုဖြစ်အောင် ဦးတည် ဆောင်ရွက်နေတာဖြစ်ပြီး ဒီ Walking Street မှာ ရိုးရာအစားအစာတွေနဲ့ အဝတ်အထည်တွေကို တနေရာတည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် မော်လမြိုင် ကမ်းနားလမ်း Walking Street ရေရှည်အောင်မြင်ဖို့ စွန့်ပစ် အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ပေးကြဖို့လည်း ဖွင့်ပွဲအခမ်းအနားမှာ ဝန်ကြီးချုပ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

 Walking Street ကို နေ့စဉ် ညနေ ၅ နာရီမှ ည ၁၁ နာရီအချိန်အထိ ဖွင့်လှစ်သွားမှာ ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်တွေကိုလည်း တပတ် နှစ်ကြိမ် ဒါမှမဟုတ် သုံးကြိမ်လောက် ထည့်သွင်းသွားဖို့ ရှိနေတာပါ။

လက်ရှိမှာတော့ ဒီ Walking Street ရိုးရာ အစားစားတွေနဲ့ အဝတ်အထည် ဆိုင်ပေါင်း ၁၂၀ ကျော် ဖွင့်လှစ်ထားပါတယ်။

အခုအခါမှာတော့ ဖွင့်လှစ်ထားတဲ့ ဆိုင်တွေကို ရေ၊ မီးအပါအဝင် ဆိုင်ခန်းနေရာတွေကို မွန်ပြည်နယ်အစိုးရက အခမဲ့ ရောင်းချခွင့်ပေးထားပါတယ်။

မော်လမြိုင်ကမ်းနားလမ်း  Walking Street ဟာ အားလုံး စည်းကမ်းရှိရင် ရေရှည်မှာ အောင်မြင်လာမယ်လို့ ဒို့ရိုးရာဆိုင် ကိုအာကာစိုးက ပြောပါတယ်။

မော်လမြိုင်မြို့ခံ ကိုမျိုးကိုကိုက “အခုလို  Walking Street ကို မော်လမြိုင် ကမ်းနားလမ်းအပိုင်း ၆ မှာ ဖွင့်လှစ်ဖို့ ဆောင်ရွက်နေတာကြောင့် မော်လမြိုင် ကမ်းနားလမ်း ညဈေးက ဈေးသည်တွေအနေနဲ့ သူတို့ဆိုင်တွေ အရောင်းထိုင်းလာမှာကို စိုးရိမ်နေကြတယ်”လို့ ဆိုပါတယ်။



ဇော်လွင်ထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013