
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဉက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက်၊ သုဓမ္မာလမ်းမကြီး၊ ဓမ္မာရုံမှတ်တိုင်မီးပွိုင့်အနီးမှာ မနေ့ည ၉ နာရီခွဲလောက်က ယာဉ်တိုက်မှုဖြစ်ပွားပြီး ကားခေါင်းခန်းထဲ ညပ်နေတဲ့ ယာဉ်မောင်းကို ကယ်ထုတ်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ယာဉ်တိုက်မှုဖြစ်ပွားရာကို မြောက်ဉက္ကလာပမြို့နယ်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီးနဲ့ သွားရောက်ကူညီကယ်ထုတ်တာလို့ ဆိုပါတယ်။
ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ယာဉ်မောင်း (မစိုးရိမ်ရ)အား ရန်ကုန်နာရေးကူညီမှုအသင်းက သူနာတင်ယာဉ်နဲ့ မြောက်ဉက္ကလာပမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။
Photos : Myanmar Fire Services Department










