DVB Logo
Home
မြန်မာသတင်း
ကိုရီးယားနှင့်မြန်မာ ဂရပ်ဖစ်ဒီဇိုင်းပြပွဲ မန္တလေးတွင် ပြုလုပ်
DVB
·
January 18, 2020
ကိုရီးယားနှင့်မြန်မာ ဂရပ်ဖစ်ဒီဇိုင်းပြပွဲ မန္တလေးတွင် ပြုလုပ်
1 / 11
Donate to DVB

ကိုရီးယားနှင့် မြန်မာ ဂရပ်ဖစ်ဒီဇိုင်းပညာရှင် ၉၃ ယောက်ရဲ့ ဒုတိယအကြိမ်မြောက် ဂရပ်ဖစ်ဒီဇိုင်းပြပွဲကို ဇန်နဝါရီ ၁၇ ရက်နေ့က မန္တလေးမြို့မှာ စတင် ဖွင့်လှစ်ပြသခဲ့ပါတယ်။

ဒီပြပွဲကို ဒီဇိုင်းကပြောသော လူမှုဘဝဆက်ဆံရေး ခေါင်းစဉ်နဲ့ ကျင်းပတာဖြစ်ပြီး မြန်မာဂရပ်ဖစ်ဒီဇိုင်းလောက ဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်နဲ့အညီ လျင်မြန်တိုးတက်နေတဲ့ ဒီဇိုင်းနည်းပညာတွေကို လက်ဆင့်ကမ်းနိုင်ရေး၊ နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး ရင်ပေါင်တန်းနိုင်ရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပတာလို့ သိရပါတယ်။



ပြပွဲကို ဇန်နဝါရီလ ၁၉ ရက်နေ့အထိ သုံးရက်ကြာပြသမှာဖြစ်ပြီး ကိုရီးယားပညာရှင် ၂၉ ယောက်နဲ့ ရန်ကုန်နဲ့ မန္တလေးတို့က ပညာရှင်  ၆၄ ယောက် ရဲ့ လက်ရာတွေ ပါဝင်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ဂရပ်ဖစ်ဒီဇိုင်းအသင်း(မန္တလေး)ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးချိုတူးမောင်က "ဂရပ်ဖစ်ဒီဇိုင်းမှာကျတော့ ကိုရီးယားကလည်း ဖိတ်ခေါ်ပြီး မြန်မာပြည်ကလူတွေ သွားပြတယ်၊ ရန်ကုန်၊ မန္တလေးမှာ လုပ်တော့လည်း ကိုရီးယားကားတွေပါတယ်ပေါ့။ ပြောချင်တာကတော့ နောက်တက်လာတဲ့ ကလေးတွေကို နိုင်ငံတကာနဲ့ ချိတ်ဆက်မိဖို့ပေါ့၊ ခုက ကိုရီးယားနဲ့ချိတ်ဆက်ပြီးပြီ၊ တခါ ဟောင်ကောင်နဲ့ချိတ်ဆက်ဖို့ အစီအစဉ်ရှိတယ်။ လူကိုယ်တိုက် မလိုက်နိုင်ရင်တောင်မှ ကိုယ်ရေးတဲ့ဟာ သူတို့ဆီကို သွားပြတဲ့ခါ အကုန်လုံးချိတ်ဆက်ပြီးတော့ အဆင်ပြေပြေ‌ဖြစ်အောင်ပေါ့၊ အဲဒီ ရည်ရွယ်ချက်လေးနဲ့ ဒီပြပွဲကို လုပ်ကြတာ၊။ ဒီဇိုင်းဆိုတဲ့ ကိစ္စမှာ စာစီစာရိုက်မှ၊ ဇီးပေါင်း အချဉ်ထုပ်လုပ်မှ ဒီဇိုင်းမဟုတ်ဘူး၊ ဒီဇိုင်းဆိုတာ ဒီလိုလုပ်လို့ရတယ်ဆိုတဲ့ အကြောင်းတွေလည်း ကလေးတွေ သိစေချင်တာ၊ ဘာလို့ဆို အနုပညာတစ်ခုပဲလေ၊ သူတို့ စိတ်ကူးထဲမှာ ရှိတဲ့ဟာ၊ ပုံဖော်ချင်တဲ့ဟာ၊ ပြောပြချင်တဲ့ဟာကို သူတို့လုပ်ပြပြီးတော့ ပြစေချင်တယ်၊ အဲ့ဒီအတွက် ကျနော်တို့ လုပ်ပေးတာပေါ့၊ ကလေးတွေလည်း ကြိုးစားစေချင်တာပေါ့၊ဒါပါပဲ" လို့ ပြောပါတယ်။

ဂရပ်ဖစ်ဒီဇိုင်းပညာရပ်ကို လူငယ်တွေအနေနဲ့ စိတ်ဝင်စားမှု နည်းပါးနေဆဲဖြစ်တယ်လို့  ဦးကျော်နိုင်ဝင်း (ဂရပ်ဖစ်ဒီဇိုင်းပညာရှင်၊မန္တလေး) က ပြောပါတယ်။

"စိတ်ဝင်စားမှု ပြောရမယ်ဆိုရင်တော့ ငါးဆယ်ပါဆင့်ထိ မရှိသေးဘူးဗျ။ ကျွန်တော် တယောက်တည်း မြင်တဲ့အမြင်ပြောပြတာနော်၊ နည်းနည်း နည်းသေးတာပေါ့နော်။ ဘာလို့တုံးဆို လူတွေက ဒီပေါ်မှာ အာရုံစူးစိုက်မှု၊ မနှစ်ကထက် ဒီနှစ် နည်းနည်းလေးပဲ ပိုလာတယ်၊ ဒါပေမဲ့ ဆက်လုပ်မှာပဲ၊ ဘယ်လောက်ပဲ လူနည်းနည်း မနည်းနည်း၊ လာတာမလာတာ အဓိက မကျဘူး၊ ကျနော်တို့က နှစ်တိုင်းလုပ်နေမှာ၊ အားလုံးပါဝင်လာအောင်လုပ်မှာပဲ။ ခုနောက်ပိုင်း ဆိုရှယ်မီဒီယာ၊ ဂိမ်းပေါ်လာတယ်၊ အဲဒီအပေါ်မှာ တအားကြီးသာယာနေကြတယ်၊ ဒီဘက်ပေါ်မှာ စိတ်ဝင်စားမှု နည်းနေကြတာ၊ အဲဒါလည်း ဖြစ်လိမ့်မယ်ထင်တယ်။"

ပြပွဲကိုတော့ မန္တလေးမြို့၊ ၃၁လမ်း ၈၄-၈၅ လမ်းကြားက ဓမ္မသာလာခန်းမမှာ မနက် ၉ နာရီကနေ ၅ နာရီအထိ ပြသထားမယ်လို့ သိရပါတယ်။



















ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013