DVB Logo
Home
မြန်မာသတင်း
ချမ်းအေးသာစံမြို့နယ် ရတနာပုံဈေး မီးလောင်
DVB
·
January 18, 2020
ချမ်းအေးသာစံမြို့နယ် ရတနာပုံဈေး မီးလောင်
1 / 8
Donate to DVB

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ရတနာပုံဈေး Sky Walk အပေါ်ဆုံးထပ်မှာ ဇန်နဝါရီ ၁၇ ရက်နေ့ ညနေ ၆ နာရီကျော်အချိန်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ 

မီးလောင်ကျွမ်းမှုဟာ နာရီနဲ့ချီကာ အချိန်ကြာမြင့်ခဲ့ပြီး မီးလောင်မှုကို level 5 အဆင့်ရှိပြီး ညဆယ်နာရီခွဲမှာ ထိန်းထားနိုင်ခဲ့တယ်လို့ သိရပါတယ်။ 



ရတနာပုံဈေး မီးလောင်ကျွမ်းမှုကို မန္တလေးတိုင်း ယာယီဝန်ကြီးချုပ် ဦးဇာနည်အောင် လာရောက်ကြည့်ရှုခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီး ဆုံးရှုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။ 



ရတနာပုံဈေးဟာ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလက မီးလောင်ခဲ့ဖူးပြီး အသစ်ပြန်လည်ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ 

ဈေးအပေါ်ထပ်မှာ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးနဲ့ ကျောက်မျက်ရတနာအချောထည်ဈေးတခုဖြစ်တဲ့ Mandalay Yatanar Mall တို့ရှိပါတယ်။

မီးသတ်ယာဉ်၊ ရေသယ်ယာဉ်နဲ့ အုပ်ချုပ်မှုယာဉ် အစီး ၂၀၀ ကျော်၊ မီးသတ်၊ ရဲ၊ ကြက်ခြေနီ၊ တပ်မတော်သား၊ စည်ပင်ဝန်ထမ်း လူအင်အား ၁၅၀၀ လောက်နဲ့ ငြှိမ်းသတ်ခဲ့ပြီး ဒီမနက် ၅ နာရီအချိန်မှာ မီးငြိမ်းခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ဆိုပါတယ်။

မီးငြှိမ်းသတ်ရင် အရန်မီးသတ် ၅ ယောက်မှာ မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။

 





Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013