ထိုင်ဝမ်အာဏာပိုင်တွေက ဘယ်လောက်ပဲ စစ်ရေးလေ့ကျင့်နေပါစေ ထိုင်ဝမ်ခွဲထွက်ရေးက ကျရှုံးဖို့သာရှိတယ်လို့ တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ကျူးဖှုန့်လျန်က ပေကျင်းမြို့တော်မှာ ဇူလိုင် ၁၅ ရက်က ပြောပါတယ်။
ထိုင်ဝမ်စစ်တပ်ဟာ အခုအပတ်မှာ ပထမဆုံး ပူးတွဲကာကွယ်ရေးလေ့ကျင့်ခန်းကို စတင်ခဲ့ပြီး ရန်သူစစ်တပ်လှုပ်ရှားမှုတွေနဲ့ နယ်မြေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်မှုတွေ အပါအဝင် အခြေအနေတွေကို တုပလေ့ကျင့်ပြီးတဲ့နောက် ခုလိုမှတ်ချက်ပေးခဲ့တာပါ။
ထိုင်ဝမ်ရဲ့ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ အာဏာပိုင်တွေက စစ်ရေးနည်းလမ်းတွေနဲ့ ထိုင်ဝမ်ခွဲထွက်ရေးကို ကြိုးစားဖို့နဲ့ ထိုင်ဝမ်ရေလက်ကြားတလျှောက် ထိပ်တိုက်ရင်ဆိုင်မှုကို မြှင့်တင်ဖို့ ကြိုးစားနေကြတယ်လို့ သူက စွပ်စွဲပါတယ်။
ဒါဟာ ထိုင်ဝမ်ရေလက်ကြားမှာ တင်းမာမှုနဲ့ မတည်ငြိမ်မှုရဲ့ အဓိကအကြောင်းရင်း ဖြစ်တယ်၊ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ အာဏာပိုင်တွေက စစ်ရေးလေ့ကျင့်မှု ဘယ်လိုလုပ်ပါစေ၊ ဒါတွေက ဟန်ဆောင်နေတာသာဖြစ်ပြီး ဘယ်အရာကမှ အောင်မြင်မှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။
ထိုင်ဝမ်ခွဲထွက်မှုရဲ့ မလွဲမသွေကျရှုံးမှုကို ပြောင်းလဲလို့မရသလို၊ တရုတ်နိုင်ငံရဲ့ မလွဲမသွေ ပြန်လည်ပေါင်းစည်းရေးဆီ ဦးတည်တဲ့ သမိုင်းဝင်လမ်းကြောင်းကိုလည်း ရပ်တန့်လို့မရပါဘူးလို့ ကျူးဖှုန့်လျန်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
Source: Reuters










