DVB Logo
Home
မြန်မာသတင်း
ကနန်းဒေသတွင် ကျပ်သိန်း ၉၄၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
January 13, 2020
ကနန်းဒေသတွင် ကျပ်သိန်း ၉၄၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ ကနန်းဒေသစိပ်၊ ရွှေကျောင်း‌ကျေးရွာအနီး တောအတွင်း လူသွားလမ်းဘေးမှာ အထုပ်တထုပ်နဲ့ မသင်္ကာဖွယ်လူတဦး‌ကို လိပ်စောရဲကင်းစခန်း လှည့်ကင်းအဖွဲ့က တွေ့ရှိ စစ်ဆေးရာကနေ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ 

ဗန်းမောက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ကိုကို က "လိပ်စောရဲကင်းစခန်းမှူး လှည့်ကင်းအဖွဲ့ နဲ့တိုးပြီး ဖမ်းဆီးရမိခဲ့တာပါ။ စစ်ဆေးချက်တွေ အရတော့ သူက ဖြန့်ဖြူးတာပေါ့။ တောထဲမှာ မြေကြီးထဲမြုပ်ထားတယ်။ မိုးရွာလို့ တချို့ပျက်စီးကုန်တယ်။ ဒါနဲ့ နေရာရွှေ့ဖို့လုပ်တုန်း လှည့်ကင်းနဲ့ တိုးတာပေါ့။ အရင်က သူ့အဖေက မူးယစ်မှုနဲ့ အလိုရှိနေတာ။ သူ့အဖေက ထွက်ပြေးနေတော့ အခုသူက ဒါကို ဆက်လုပ်နေတာ။ မူးယစ်ဆေးဝါးတွေကတော့ ရှမ်းပြည်ဘက်က လာပို့တာလို့ သိရတယ်"လို့ ပြောပါတယ်။

ဖမ်းဆီးရမိတဲ့မူးယစ်ဆေးဝါးတွေကို လုံခြုံရေးအရ စိတ်မချလို့ ဗန်းမောက်မြို့နယ်မှူးရုံးအထိ သယ်ဆောင်ပြီး စစ်ဆေးခဲ့တာပါ။ စစ်ဆေးချက်တွေအရ ဘိန်းဖြူလို့ ယူဆရတဲ့ ၁၀ ဂရမ်ခန့်စီပါ ရောင်စုံဆပ်ပြာခွက် ၆ ခွက် စုစုပေါင်း ၆၀ ဂရမ်၊ WY စာတမ်းပါပန်းရောင်စိတ်ကြွဆေး ၁၀၀၀၀ ပြားစီပါ ၁၈ ထုပ်၊ ၂၀၀၀ ပြားစီပါ ၄ ထုပ် စုစုပေါင်း ၁၈၈၀၀၀ ပြား တို့ကို ဖမ်းဆီးရမိခဲ့တာပါ။ 

မူးယစ်ဆေးဝါးတွေရဲ့ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၉၄၆၀ ရှိပြီး ရွှေကျောင်းကျေးရွာနေ အောင်နိုင် ခေါ် အောင်နိုင်ဦးကို လက်ရ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဒီအမှုက ၂၀၂၀ ခုနှစ်အတွင်း တတိယအကြိမ်ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးမှုလည်း ဖြစ်ပါတယ်။

ဗန်းမောက်မြို့နယ်မှာ မူးယစ်ဆေးဝါးတွေကို နှစ်စဉ် တိုးပြီး ဖမ်းဆီးနေပြီး ၂၀၁၈ ခုနှစ်က ၁၇၀ မှု၊ ၂၀၁၉ ခုနှစ်မှာ ၁၇၂ မှုထိ ရှိခဲ့တာပါ။ ဒါ့အပြင် မူးယစ်ဆေးဖြတ်စခန်း၊ အိမ်တွင်းလက်မှုလုပ်ငန်းတွေလည်း သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ ကာကွယ်တားဆီး နှိမ်နင်းရေးတွေမှာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုက ကျေနပ်အားရစရာ‌‌ကောင်းလာတယ်လို့ ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013