မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ ခရီးသွားတွေအတွက် ခရီးသွားအထောက်အကူပြု QR Code ထားရှိခြင်းနဲ့ Digital concierge System _ Beta Version တပ်ဆင်တဲ့ အခမ်းအနားကို ဇန်နဝါရီ ၁၂ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကျင်းပခဲ့ပါတယ်။
QR Code တွေကိုတော့ ရန်ကုန်၊ မန္တလေး၊ ပုဂံဒေသတွေရဲ့ လေဆိပ် ဟိုတယ်ခရီးဌာနတွေမှာ တပ်ဆင်ထားပြီး ရန်ကုန်မြို့ရဲ့ လူအများအသုံးပြုတဲ့ မှတ်တိုင် ၅၀၀ တပ်ဆင်နိုင်အောင် လုပ်ဆောင်သွားမယ်လို့ အခမ်းအနားမှာ တာဝန်ရှိသူတွေက ပြောပါတယ်။
QR Code ကို အသုံးပြုမယ်ဆိုရင်တော့ ရောက်ရှိနေတဲ့ ဒေသရဲ့ လုံခြုံရေး အခြေအနေ၊ ဘယ်လိုနေရာမှာ သွားရောက်လညfပတ်လို့တယ် စတဲ့ ခရီးသွားနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေ သိရှိနိုင်မှာ ဖြစ်ပါတယ်။










