DVB Logo
Home
မြန်မာသတင်း
မြန်မာသတင်းသမားများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ စုံစမ်းစစ်ဆေးနေဟု IIMM ထုတ်ပြန်
DVB
·
May 3, 2026
၂၀၂၄ ခုနှစ် သြဂုတ်လက စစ်တပ်၏ ပစ်သတ်ခြင်းခံခဲ့ရသည့် DVB သတင်းထောက် ဝင်းထွဋ်ဦး (Photo : DVB)
၂၀၂၄ ခုနှစ် သြဂုတ်လက စစ်တပ်၏ ပစ်သတ်ခြင်းခံခဲ့ရသည့် DVB သတင်းထောက် ဝင်းထွဋ်ဦး (Photo : DVB)
Donate to DVB

မြန်မာနိုင်ငံဟာ သတင်းထောက်တွေအတွက် အန္တရာယ်ရှိတဲ့ နိုင်ငံတနိုင်ငံအဖြစ် ရှိနေဆဲ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) က ဒီနေ့ မေ ၃ ရက် ကမ္ဘာစာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်းမီဒီယာသမားတွေဟာ သူတို့ရဲ့ အလုပ်တာဝန်တွေကြောင့် တရားလက်လွတ် ဖမ်းဆီးခံရတာ၊ အကျဉ်းချခံရတာ၊ နှိပ်စက်ညှဉ်းပန်းခံရတာနဲ့ သတ်ဖြတ်ခံရတာတွေ အပါအဝင် ပြင်းထန်တဲ့ ဘေးအန္တရာယ်တွေကို ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုကျူးလွန်မှုတွေဟာ နိုင်ငံတကာဥပဒေအရ ကြီးလေးတဲ့ ရာဇဝတ်မှုတွေအဖြစ် သတ်မှတ်နိုင်တာကြောင့် IIMM အနေနဲ့ ဒီဖြစ်ရပ်တွေကို အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ပါတယ်။

ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ ထုတ်ပြန်တဲ့ ဒီသတင်းစကားအရ မြန်မာနိုင်ငံက သတင်းသမားတွေဟာ ကြီးလေးတဲ့ တားမြစ်ချက်တွေနဲ့ အသက်အန္တရာယ်တွေကို စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေဆဲ ဖြစ်တယ်လို့လည်း IIMM က ဆိုပါတယ်။

စစ်တပ် အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာနိုင်ငံမှာ သတင်းသမားပေါင်း ၂၂၀ ကျော် ဖမ်းဆီးအရေးယူခံခဲ့ရပြီး ၄၇ ယောက်ကတော့ ဒီနေ့အထိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပါတယ်။

အဲဒီထဲမှာ ထောင်ဒဏ်တသက် အပါအဝင် နှစ်ရှည်ထောင်ချခံရသူ ၁၁ ယောက်၊ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရသူ ၇ ယောက် ရှိတယ်လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013