DVB Logo
Home
Lead Story
ခန့်စည်သူ၊ ထွန်းထွန်း၊ ရွှေမှုံရတီ၊ မေကဗျာတို့ ပါဝင်သည့် ‘ရွာကျော်မိကဲ’ရုပ်ရှင်(နမူနာ)
DVB
·
January 9, 2020
ခန့်စည်သူ၊ ထွန်းထွန်း၊ ရွှေမှုံရတီ၊ မေကဗျာတို့ ပါဝင်သည့် ‘ရွာကျော်မိကဲ’ရုပ်ရှင်(နမူနာ)
Donate to DVB

       နာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ခန့်စည်သူ၊ ထွန်းထွန်း၊ ရွှေမှုံရတီနဲ့ မေကဗျာတို့ ခေါင်းဆောင်ပါဝင်ထားကြတဲ့ ‘ရွာကျော်မိကဲ’ ရုပ်ရှင်ကို လာမယ့် သီတင်းပတ်ထဲမှာ ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။

       ဒီရုပ်ရှင်ကိုတော့ မိုးရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဇော်မင်း (မ/ဒဂုံ)ရဲ့ ဝတ္ထုကို ရာဇဝင်ကိုက ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာ ပြည်သိမ်းသီဟက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

       ကျေးလက်သဘာဝ ဟာသဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ဒီ ရုပ်ရှင်ကားထဲမှာတော့ ‘ရွာကျော်မိကဲ’ဆိုတဲ့အတိုင်း ဘယ်လိုမျိုး အကျော်အခွဇာတ်လမ်း ဇာတ်ကွက်တွေ၊ သရုပ်ဆောင်မှုတွေနဲ့ ရှုစားကြရမလဲဆိုတာကိုတော့ မကြာခင်မှာပဲ သိကြရတော့မှာ ဖြစ်ပါတယ်။

       ဒီကားထဲမှာ တခြားသရုပ်ဆောင်တွေအနေနဲ့ သရုပ်ဆောင်မင်းသမီး မေသဉ္ဇာဦး၊ ဟာသ သရုပ်ဆောင် ဗေလုဝ၊ တက္ကသိုလ်ဂွမ်းပုံတို့နဲ့အတူ တခြားသရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။

       ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ဇန်နဝါရီလ ၈ ရက်နေ့က ရန်ကုန်မြို့၊ ကန်သာယာ JCGV ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

      လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013