DVB Logo
Home
မြန်မာသတင်း
နယ်စပ်တောင်တန်းဒေသ ဗုဒ္ဓသာသနာပြုလုပ်ငန်းအတွက် ခန့်စည်သူက ကျပ်သိန်း ၂၀၀ လှူ
DVB
·
October 15, 2020
နယ်စပ်တောင်တန်းဒေသ ဗုဒ္ဓသာသနာပြုလုပ်ငန်းအတွက် ခန့်စည်သူက ကျပ်သိန်း ၂၀၀ လှူ
Donate to DVB

       ဝေးလံခေါင်သီပြီး ဗုဒ္ဓဘာသာထွန်းကားမှု အားနည်းတဲ့ ဒေသတွေနဲ့ နယ်စပ် တောင်တန်းဒေသက သာသနာပြုလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ သရုပ်ဆောင် ခန့်စည်သူက ငွေကျပ်သိန်း ၂၀၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

       ဒီအလှူကိုတော့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော် ထွန်း ကားပြန့်ပွားရေးဦးစီးဌာနမှတဆင့် လှူဒါန်းခဲ့တာဖြစ်ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် ပေါ်ကတဆင့် ခုလိုရေးသားပြီး မျှဝေထားပါတယ်။

       “ဝေးလံခေါင်သီ၍ ဗုဒ္ဓဘာသာထွန်းကားမှု အားနည်းသောဒေသများနှင့် နယ်စပ် တောင်တန်းဒေသများတွင် သာသနာပြုနေကြသော ရဟန်း၊ သံဃာတော် အရှင်သူမြတ်များနှင့် သာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် ရည်စူး၍ အလှူငွေကျပ်သိန်း ၂၀၀ လှူဒါန်းပါ၏။ နတ်၊ လူ သာဓုခေါ်စေသော်”

ခန့်စည်သူဟာ အနုပညာလောကထဲမှာ ဆယ်စုနှစ်နဲ့ချီ ဖြတ်သန်းလာခဲ့သူဖြစ်ပြီး ၂၀၀၈ ခုနှစ်တုန်းက အများနဲ့မသက်ဆိုင်သောသူ ရုပ်ရှင်ကားကြီးနဲ့ အကောင်းဆုံး အမျိုး သားဇာတ်ဆောင် အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့သူ ဖြစ်ပါတယ်။

အလှူအတန်းရက်ရောပြီး လူမှုအကျိုးပြုလုပ်ငန်းတွေကိုလည်း တက်တက်ကြွကြွ လုပ်ဆောင်လေ့ရှိတဲ့ ခန့်စည်သူဟာ လက်ရှိမှာတော့ မေတ္တာသင်္ဂဟအဖွဲ့နဲ့အတူ လှူဒါန်းမှုတွေ လုပ်ဆောင်နေသလို တကိုယ်တော် လှူဒါန်းမှုတွေကိုလည်း လုပ်ဆောင်နေသူ ဖြစ်ပါတယ်။

    မေတ္တာသင်္ဂဟအဖွဲ့ကိုတော့ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး သရုပ်ဆောင် ခန့်စည်သူ အပါအဝင် ရုပ်ရှင်၊ ဂီတနယ်ပယ်က အနုပညာရှင်တွေရော ပြင်ပကလုပ်ငန်းရှင်တွေပါ ပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

အဖွဲ့အနေနဲ့ လက်ရှိအချိန်ထိ ဖြတ်သန်းခဲ့တဲ့ ၁၀ စုနှစ်တခု နီးပါးကာလအတွင်းမှာ  ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးကိစ္စတွေမှာ လိုအပ်တဲ့ တထောင့်တနေရာက လှူဒါန်းကူညီနေတာဖြစ်ပြီး လတ်တလော ကိုဗစ်-၁၉ ကပ် ဘေးကာလမှာလည်း ပရဟိတအလှူတွေအနေနဲ့ လှူဒါန်းမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်ကလည်း အမှတ် ၁ တိုက်ပွဲဝင် စည်းရုံးရေးသင် တန်းကျောင်း (ရဲမွန်) စင်တာမှာ တက်ရောက်ကုသနေကြတဲ့ ကိုဗစ်-၁၉ ပိုးတွေ့ လူနာတွေအတွက်  အစားအသောက်တွေ လှူဒါန်းခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013