DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်အုပ်စုဩဇာခံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ခန့်စည်သူကို ခန့်အပ်
DVB
·
June 4, 2021
အကြမ်းဖက်စစ်အုပ်စုဩဇာခံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ခန့်စည်သူကို ခန့်အပ်
1 / 2
Donate to DVB

အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် သရုပ်ဆောင် ခန့်စည်သူကို ခန့်အပ်လိုက်တယ်လို့ ဇွန် ၄ ရက် နေ့စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ အမှုဆောင်သစ်တွေ ရွေးချယ်တင်မြှောက်ဖို့အတွက် ရွေးကောက်ပွဲကော်မရှင်ကို နာယကကြီးတွေနဲ့ ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ အမှုဆောင်အသစ်ကို ရွေးကောက်တင်မြှောက်ပြီးစီးတဲ့ အချိန်အထိ အရင်အမှုဆောင်တွေကပဲလုပ်ငန်းတာဝန်တွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့  ထုတ်ပြန်ချက်မှာ  ဖော်ပြပါတယ်။

လတ်တလော အမှုဆောင်အဖွဲ့မှာ လစ်လပ်နေတဲ့ ဥက္ကဋ္ဌတာဝန်ကိုတော့ နာယက ကြီးတွေရဲ့ကွပ်ကဲမှုနဲ့ လက်ရှိအမှုဆောင်တွေထဲက ဆောင်ရွက်နိုင်မယ့်သူတွေကို ဆန္ဒပြု ရွေးချယ်ခဲ့ရာမှာ ခန့်စည်သူကို အမှုဆောင်တွေအားလုံးက ရွေးချယ်တင်မြှောက်ခဲ့ကြ တယ်လို့ ဆိုပါတယ်။

နိုင်ငံတော်အာဏာကို စစ်တပ်က လက်နက်အားကိုးနဲ့ တရာမဝင်သိမ်းယူလိုက်ပြီးနောက် နာမည်ကြီး အနုပညာရှင်တွေအတော်များများ ဖမ်းဆီးထိန်းသိမ်းခံရတာတွေ၊ တရားစွဲခံရာနဲ့ ဖမ်းဝရမ်းထုတ်ခံရသူတွေ ရာနဲ့ချီ ရှိနေပါတယ်။

အဲဒီထဲမှာ ထင်ရှားသူတွေကတော့ ဇင်ဝိုင်း၊ လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ မေတိုးခိုင်၊ ပိုင်တံခွန်၊ ရဲတိုက်စတဲ့ အနုပညာရှင်တွေ ပါဝင်ပြီး သူတို့ကို ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆို အင်းစိန်ထောင်မှာ ဖမ်းဆီးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013