DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်း၀န်ကြီချုပ်ဟောင်းအား စွဲချက်တင်သင့်၊မသင့် လာမည့်ရုံးချိန်းတွင် အမိန့်ချမည်
DVB
·
January 9, 2020
Donate to DVB

အဂတိလိုက်စားမှုဥပဒေနဲ့ တရားရင်ဆိုင်နေရတဲ့ တနင်္သာရီတိုင်း၀န်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်နဲ့ GGS ကုမ္ပဏီမှ တာ၀န်ရှိသူ ၃ ဦးအမှုအား စွဲချက်တင်သင့်၊မသင့် လာမယ့် ရုံးချိန်းမှာ အမိန့်ချမယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တရားရေး ဦးစီးမှူး ဒေါ်အေးအေးသန်းက “နောက်ရုံးချိန်းကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်နေ့ကို ချိန်းဆိုထားပါတယ်၊ တရားခံတွေအပေါ် စွဲချက်တင်သင့် မသင့်အမိန့်ချဖို့ ချိန်းဆိုထားခြင်းဖြစ်တယ်”လို့ ပြောပါတယ်။

တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်က ရာဇ၀တ်ကြီး အမှု (၁/၂၀၁၉)(၂/၂၀၁၉)(၃/၂၀၁၉)(၄/၂၀၁၉) မှုတို့နဲ့ ပတ်သက်ပြီး ဇန်နဝါရီ ၈ ရက်နေ့ ရုံးချိန်းမှာ နှစ်ဖက်လျှောက်လဲချက်အား ကြားနာခဲ့တယ်လို့ ဆိုပါတယ်။

တရာလိုဘက်က လိုက်ပါဆောင်ရွက်တဲ့ ဥပဒေအရာရှိတွေက ဒေါ်လဲ့လဲ့မော်ကို အဂတိလိုက်စားမှုဥပဒေပုဒ်မ ၅၅ အရနဲ့ ဦးသိန်းထွေး၊ ဦးအောင်မြတ်၊ ဦးသူရအောင်တို့ကိုတော့ အဂတိလိုက်စားမှုဥပဒေပုဒ်မ ၅၅/၆၃ အရ စွဲချက်တင်ဖြေရှင်းစေသင့်ကြောင်း လျှောက်လဲတင်ပြခဲ့ပါတယ်။

တရားလွှတ်တော်ရှေ့နေများက တရားခံတွေအပေါ် စွဲချက်ဖြေရှင်းဖို့ အထောက်အထားပေါ်ပေါက်ခြင်း မရှိတဲ့အတွက်ကြောင့် စွဲချက်မတင်မီ အမှုက ပြန်လွှတ်ပေးသင့်ကြောင်း လျှောက်လဲတင်ပြကြပါတယ်။

အဆိုပါအမှု ၄ မှုအတွက် တရာလိုပြသက်သေ ၉၉ ဦးကို စစ် ဆေးဖို့ တင်ပြထားပေမဲ့ တရာလိုပြသက်သေ ၈၄ ဦးအား စစ်ဆေးပြီး ကျန်တဲ့ ၁၅ ဦးကိုဆက်ပြီး မစစ်ဆေးတော့ဘဲ ပယ်လိုက်တာကြောင့် တရာလိုဘက်သက်သေစစ်ဆေးမှုမှာ ဒီဇင်ဘာ ၂၇ ရက်နေ့က ပြီးစီးခဲ့ပါတယ်။

အမှုနဲ့ပတ်သက်ပြီး တရာလိုဘက်က အမှု ၄ မှုအတွက် သက်သေခံစာရွက်စာတမ်း ၁၄၄ စောင်ကို တရားရုံးကိုတင်ပြခဲ့ပြီး စွပ်စွဲခံရသူဘက်က သက်သေခံစာရွက်စာတမ်း အစောင် ၄၀ တင်ပြခဲ့ပါတယ်။

၂၀၁၉ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က တနင်္သာရီတိုင်း ၀န်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်၊ GGSကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာဦးအောင်မြတ်နဲ့ဦးသူရအောင်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ထား၀ယ်မြို့မရဲစခန်းမှာ အမှု ၄ မှုနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေကော်မရှင်က အမှုဖွင့်ပြီးနောက် ထား၀ယ်အကျဉ်း ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ဒီနောက် မတ်လ ၂၅ ရက်နေ့မှာ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်ကို ရုံးထုတ်ပြီး တရားစွဲတင်ခဲ့ပါတယ်။

တရားစွဲဆိုခံရပြီးနောက် ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်က အာမခံ ၂ ကြိမ်၊ ဦးသိန်းထွေး၊ ဦးအောင်မြတ်နဲ့ ဦးသူရအောင်တို့က အာမခံ ၁ ကြိမ်စီ လျှောက်ခဲ့ရာ တရားရုံးက ပယ်ချခဲ့ပါတယ်။

တင့်လွင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013