DVB Logo
Home
Lead Story
မြန်မာစစ်အာဏာသိမ်း ၅ နှစ်ပြည့်အထိမ်းအမှတ် ပြပွဲနှင့် ဆွေးနွေးပွဲ နော်ဝေ၌ ကျင်းပမည်
DVB
·
March 24, 2026
Photo: Myanmar (CRPH) Support Group - Norway
Photo: Myanmar (CRPH) Support Group - Norway
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ရက်စက်မှုတွေကို သက်သေပြမဲ့ “Testimonies From Beyond” လို့ အမည်ပေးထားတဲ့ ပြပွဲနဲ့ ဆွေးနွေးပွဲကို နော်ဝေနိုင်ငံ၊ အော်စလိုမြို့က Nynorskens Hus မှာ မတ် ၂၆ ရက်မှ ၃၀ ရက်အထိ ကျင်းပဖို့ ရှိနေပါတယ်။

အခုပွဲကို Myanmar (CRPH) Support Group - Norway ကနေ ဦးစီးကျင်းပတာဖြစ်ပြီး ဒီပြပွဲမှာ အဓိကအားဖြင့် လူ ၁၇၀ ကျော် သေဆုံးခဲ့ရတဲ့ ပဇီကြီးရွာနဲ့ ဒီပဲယင်း အိုးတိန်တွင်းရွာ လေကြောင်းတိုက်ခိုက်ခံရမှုက သက်သေခံပစ္စည်းတွေကို ပြသသွားမှာ ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေရဲ့ အုပ်စုဖွဲ့ အဓမ္မပြုကျင့်တာ ခံခဲ့ရသူတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြရင်း ပစ်သတ်ခံရသူတွေရဲ့ နောက်ဆုံးအသုံးအဆောင်ပစ္စည်းတွေကိုပါ ဓာတ်ပုံ၊ ဗီဒီယို မှတ်တမ်းတွေနဲ့အတူ မြင်တွေ့ရမယ်လို့ ကြေညာထားပါတယ်။

​ဒီလိုပြသရတာဟာ ထိတ်လန့်စရာတွေ ပြဖို့ထက် လူသားတွေရဲ့ ဂုဏ်သိက္ခာကို အမှတ်ရစေဖို့ ဖြစ်သလို၊ မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေကို နိုင်ငံတကာက ပိုသိလာစေဖို့နဲ့ စစ်ကောင်စီရဲ့ အတုအယောင် အစိုးရပုံရိပ်ကို ကမ္ဘာက ရှင်းရှင်းလင်းလင်း သိမြင်စေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ပွဲစီစဉ်သူဖြစ်တဲ့ Myanmar (CRPH) Support Group - Norway က အထွေထွေအတွင်းရေးမှူး မဝတ်မှုံဝင်းက ပြောပါတယ်။

ဒါ့အပြင် ၅ နှစ်တာကာလအတွင်း ပင်ပန်းနွမ်းနယ်နေတဲ့ ပြည်သူတွေကို ခွန်အားပြန်ဖြည့်ပေးဖို့ကိုလည်း ရည်ရွယ်ထားတာလို့ ဆိုပါတယ်။

​အထူးအစီအစဉ်အနေနဲ့ မတ် ၂၈ ရက်မှာ သီးသန့် ဆွေးနွေးပွဲ (Seminar) တစခု လုပ်သွားဖို့ရှိပြီး အဲဒီမှာ “ယနေ့မြန်မာပြည်” မှတ်တမ်းရုပ်ရှင် ပြသတာတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေဖြစ်တဲ့ ချင်း၊ ကရင်၊ NLD နဲ့ ABSDF တို့က ကိုယ်စားလှယ်တွေရဲ့ အတွေ့အကြုံ မျှဝေတာတွေ ပါဝင်မယ်လို့ သိရပါတယ်။

​ဒါ့အပြင် NUG၊ နော်ဝေရောက် မြန်မာအဖွဲ့အစည်းတွေနဲ့ နော်ဝေနိုင်ငံက အဖွဲ့အစည်းတွေပါဝင်တဲ့ စကားဝိုင်းဆွေးနွေးပွဲတွေကိုလည်း ကျင်းပသွားမှာဖြစ်လို့ စိတ်ပါဝင်စားသူတွေအနေနဲ့နေ့စဉ် မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း သွားရောက်လေ့လာနိုင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013