DVB Logo
Home
မြန်မာသတင်း
တောင်ငူမြို့မရဲစခန်းက  ဒုရဲအုပ် ၁ ဦးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်
DVB
·
December 30, 2019
တောင်ငူမြို့မရဲစခန်းက  ဒုရဲအုပ် ၁ ဦးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်
Donate to DVB

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၊ မြို့မရဲစခန်းက နယ်ထိန်း ခေါင်းဆောင် ဒုတိယရဲအုပ် ဟန်လင်းအောင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လှစ် အရေးယူထားတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ထုတ်ပြန်ပါတယ်။ 

တောင်ငူမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့က ကျောက်သဲတင် ဖောကားနဲ့ ပျဉ်းကတိုး ၂ တန်လောက်ကို သယ်ဆောင်လာစဉ် တောင်ငူ မြို့မရဲစခန်းမှ နယ်ထိန်း ဒုတိယရဲအုပ် ဟန်လင်းအောင်ပါ တပ်ဖွဲ့ဝင် ၈ ဦးက တောင်ငူမြို့အဝင် အဝေးပြေးယာဉ်ရပ်နားစခန်းအနီးမှာ ဖမ်းဆီးပြီး လာဘ်ငွေတောင်းခံခဲ့တဲ့အတွက် အရေးယူပေးဖို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ နယ်ထိန်း ခေါင်းဆောင် ဒုတိယရဲအုပ် ဟန်လင်းအောင်နဲ့ နယ်ထိန်းတပ်ဖွဲ့ဝင်တွေဟာ သစ်တင် မော်တော်ယာဉ်အား တားဆီးပြီး လာဘ်ငွေ ကျပ်သိန်း ၅၀ တောင်းခံခဲ့ကြောင်း၊ အကြိမ်ကြိမ်ညှိနှိုင်းပြီး ငွေကျပ် ၁၀ သိန်း လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

ပေးအပ်ထားတဲ့ ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာကြောင့် ဒုတိယရဲအုပ် ဟန်လင်းအောင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ တောင်ငူမြို့မရဲစခန်းမှာ ဒီဇင်ဘာ ၂၇ ရက်နေ့က တိုင်ချက်ဖွင့် တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013