DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူတွင် လမ်းခင်းရာမှပြန်လာသူ ၃ ဦးကို အမည်မသိလူတစု ဖမ်းဆီးခေါ်ဆောင်
DVB
·
December 29, 2019
ကျောက်ဖြူတွင် လမ်းခင်းရာမှပြန်လာသူ ၃ ဦးကို အမည်မသိလူတစု ဖမ်းဆီးခေါ်ဆောင်
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ကလန့်တဲကျေးရွာအုပ်စု မူရွင်းကျေးရွာနဲ့ ဇင်ချောင်းကျေးရွာကြား ဘောလန်တောင်ခြေအနီးမှာ ဒီဇင်ဘာလ ၂၆ ရက်နေ့ညနေက လမ်းခင်းရာမှပြန်လာတဲ့ ဦးစိုးငြိမ်း အပါအဝင် ၃ ယောက်ကို အမည်မသိ လူတစုက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဖမ်းဆီး ခေါ်ဆောင်ခံရတဲ့သူတွေကို ဒီနေ့အချိန်ထိ အဆက်အသွယ်မရသေးတာကြောင့် မိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့ ဖမ်းဆီးခေါ်ဆောင်ခံရသူ ဦးစိုးငြိမ်းရဲ့သား ကိုအောင်သူရက ပြောပါတယ်။

“ကျနော့်အဖေရယ်၊ ဘက်ဖိုးပိုင်ရှင် ဦးဖိုးခင်ရယ်၊ ဘက်ဖိုးမောင်းတဲ့ ကိုရန်နိုင်ဆိုတဲ့ ၃ ဦးပေါ့။ ကျနော့်အဖေ ကင်း-မူရွင်းလမ်းကို ကန်ထရိုက်ရလို့ လမ်းလုပ်နေတယ်၊ အဲဒါကပြီးလို့ ပြန်လာကြတာပေါ့။ ဇင်ချောင်းနားမရောက်ခင် တမိုင်အလို ဘောလန်တောင်ခြေကို ရောက်တဲ့အချိန်မှာ အသင့်စောင့်နေတဲ့ လူ ၁၀ ယောက်လောက်ရှိမယ်လို့ ပြောကြတယ်၊ သူတို့လာတာကို တားပြီးတော့ ကားနဲ့ပဲ ခေါ်သွားတာလား၊ ဆိုင်ကယ်နဲ့ပဲ ခေါ်သွားတာလားတော့ မသိဘူး၊ အဲဒီနားမှာ ရုန်းရင်းဆန်ခတ် ဖြစ်ထားတာတော့ တွေ့ရတယ်၊ အခုအချိန်ထိ အဆက်အသွယ်မရသေးတော့ မိသားစုဝင်တွေက စိုးရိမ်နေကြတာပေါ့။” 

အဲဒီနေ့ ညနေ ၆ နာရီခွဲလောက်မှာ ဖခင်ဖြစ်သူနဲ့ ဖုန်းအဆက်အသွယ်ရခဲ့သေးတယ်လို့ ကိုအောင်သူရက ဆိုပါတယ်။ 

“ညနေ ၆ နာရီခွဲလောက်မှာ ပြန်လာတယ်ဆိုပြီးတော့ ဖုန်းအဆက်အသွယ် ရတာပေါ့၊ ထွက်လာတယ်ပြောပြီး နောက်ထပ်မိနစ် ၂၀ လောက်ကြာ ဖုန်းထပ်ခေါ်တော့ ဖုန်းမကိုင်တော့ဘူး၊ ဒါနဲ့ထပ်ခေါ်တော့ ဖုန်းပိတ်ပစ်လိုက်တယ်။ အဲဒါနဲ့ ဘက်ဖိုးမောင်းတဲ့လူနဲ့ ဘက်ဖိုးပိုင်ရှင်ကို ထပ်ခေါ်တော့လည်း ဖုန်းမကိုင်ဘဲနဲ့ ပိတ်ပစ်လိုက်တယ်၊ ဒါကြောင့် စိုးရိမ်တာနဲ့ လိုက်သွားတော့ မှောင်နေလို့ဘာမှမတွေ့ဘူးပေါ့။ အဲဒါနဲ့ နောက်နေ့ ဇင်ချောင်းရဲစခန်းကို အကြောင်းကြားပြီးတော့ လိုက်ပြီးသွားရှာကြတော့ ကျနော့်အဖေရဲ့ ဖိနပ်ရယ်၊ ဦးထုပ်ရယ်၊ ဘက်ဖိုးမောင်းတဲ့ လူရဲ့ ဖိနပ်ရယ်တို့ကိုတွေ့တာပေါ့၊ ဦးဖိုးခင်ရဲ့ဖိနပ်ကိုလည်း တွေ့ရတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်ထားတဲ့ အနေအထားကိုတွေ့ရတယ်။” 

ဦးစိုးငြိမ်းအပါအဝင် ၃ ယောက် ပျောက်ဆုံးနေမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဇင်ချောင်းရဲကင်းစခန်း မှာ လူပျောက်အမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးနေတယ်လို့ ရဲကင်းစခန်းမှူး ရဲအုပ်အောင်ဇော်မင်းက ပြောပါတယ်။

“ဖြစ်တာကတော့ ၂၆ ရက်နေ့ညနေက ဖြစ်တာ၊ မနေ့ကမှ သူအမျိုးသမီးက လူပျောက်ဖွင့်ပါတယ်။ မူရင်းကျေးရွာမှာ လမ်းပြုပြင်တဲ့ လူ ၃ ယောက်ပေါ့။ လက်ရှိကတော့ စုံစမ်းတုန်းပဲရှိပါတယ်။ ဖြစ်တဲ့ဟာတွေကတော့ စီးပွားရေးဏ္ဍအကြောင်းအရာတွေလည်း အများကြီး ပါတယ်ပေါ့လေ၊ ကျန်တဲ့အဖွဲ့အစည်းတွေနဲ့တော့ မဆိုင်လောက်ပါဘူး။”

နောင်နောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013