DVB Logo
Home
မြန်မာသတင်း
မြန်မာ့ပညာရေးစနစ်ကို အသက်မွေးဝမ်းကျောင်းပညာရေးနှင့် တည်ဆောက်မည်ဟု အတိုင်ပင်ခံ ပြော
DVB
·
December 29, 2019
မြန်မာ့ပညာရေးစနစ်ကို အသက်မွေးဝမ်းကျောင်းပညာရေးနှင့် တည်ဆောက်မည်ဟု အတိုင်ပင်ခံ ပြော
Donate to DVB

သင်တဲ့ပညာနဲ့ ရှိနေတဲ့အလုပ်နဲ့ တိုက်ဆိုင်အောင် နိုင်ငံရဲ့ပညာရေးစနစ်ကို အင်မတန်ခိုင်မာတဲ့ အသက်မွေးဝမ်းကျောင်း ပညာရေးကျောင်းတွေ၊ ပညာသင်ဌာနတွေနဲ့ ဆောက်တည်သွားမယ်လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

ဒီဇင်ဘာ ၂၈ ရက်က ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် လေးထောင့်ကန်(တောင်ပိုင်း)ရပ်ကွက်မှာ ဂျပန်နိုင်ငံက ဆောက်မယ့် SHIN RAI INTERNATIONAL VOCATIONAL INSTITUTE ပန္နက်တင် မင်္ဂလာအခမ်းအနားမှာ အတိုင်ပင်ခံက ခုလို ပြောလိုက်တာပါ။

“ဒီနေ့ဟာ အသက်မွေးဝမ်းကျောင်းပညာကျောင်းတကျောင်းကို ပန္နက်ရိုက်တာတင်မကပါဘူး၊ ကျမတို့နိုင်ငံရဲ့ ပညာရေးအတွက် ပန္နက်ရိုက်တာဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့နိုင်ငံမှာ အသက်မွေးဝမ်းကျောင်းပညာ၊ နည်းပညာစနစ်တွေ အင်မတန်မှ လိုအပ်နေပါတယ်။ ပညာသင်တယ်ဆိုတာ တက္ကသိုလ်ဘွဲ့ရရုံသက်သက်လုပ်တာ မဟုတ်ဘူး။ ဒါကြောင့်မို့ သင်တဲ့ပညာနဲ့ ရှိတဲ့အလုပ်နဲ့ တိုက်ဆိုင်အောင် ပညာရေးစနစ်ကို အင်မတန်မှခိုင်မာတဲ့ အသက်မွေးဝမ်းကျောင်း ပညာရေးကျောင်းများ၊ ပညာသင်ဌာနများနဲ့ ဆောက်တည်သွားမယ်လို့ ကျမတို့ ဒီလိုပဲ ဆုံးဖြတ်ပါတယ်။”

အစိုးရအနေနဲ့ မူအရ အသက်မွေးဝမ်းကျောင်း ပညာရေးစနစ်ကို အားပေးနေရာမှာ အစိုးရတင်မက ပုဂ္ဂလိကနဲ့ တခြားပြင်ပ အလှူရှင်တွေဘက်ကလည်း ဝိုင်းဝန်းပြီးတော့ ကူညီမစပေးတာဟာ လိုအပ်ချက်တခု ဖြစ်တယ်လို့လည်း အတိုင်ပင်ခံက ဆိုပါတယ်။

ဒါ့အပြင် စီးပွားရေးနဲ့ နိုင်ငံရေးဆက်စပ်ပုံကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောပါတယ်။

“နိုင်ငံတနိုင်ငံရဲ့ စီးပွားရေးစနစ်ဟာ ပညာရေးစနစ်နဲ့ ချိတ်ဆက်ပြီးလုပ်မှ အောင်မြင်နိုင်မှာပါ။  စီးပွားရေးအရ လိုအပ်တဲ့ပညာတွေကို ပညာရေးစနစ်ဘက်ကနေ ဖွံ့ဖြိုးအောင် ပံ့ပိုးပေးမှ စီးပွားရေးလုပ်ငန်းတွေ အကောင်အထည်ဖော်တဲ့နေရာမှာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။” 

SHIN RAI က ဖွင့်မယ့်ကျောင်းမှာ နည်းပညာခေတ်နဲ့ ကိုက်ညီတဲ့ နည်းပညာအပြင် နိုင်ငံခြားဘာသာစကားကိုပါ သင်ပေးမယ်ဆိုတဲ့အတွက် အင်မတန်ဝမ်းသာတယ်လို့လည်း အတိုင်ပင်ခံက ဆိုပါတယ်။

အဲဒီအခမ်းအနားမှာပဲ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပညာထွန်းကားရေးအတွက် ဝိုင်းဝန်းပြီး ဆက်လက်ကူညီကြပါလို့ မေတ္တာရပ်ခံခဲ့ပါသေးတယ်။

အဲဒီစီမံကိန်းကို လေးထောင့်ကန်(တောင်ပိုင်း) ရပ်ကွက်ရှိ မြေဧရိယာ ၂၃ ဒသမ ၅ ဧကပေါ်မှာ Phase -1၊ Phase-2၊ Phase -3 အပိုင်း သုံးပိုင်းခွဲကာ အကောင်အထည်ဖော် တည်ဆောက်မှာဖြစ်ပြီး ကနဦးအနေနဲ့ Phase -1 ကို ၂၀၂၀ ပြည့်နှစ် အစပိုင်းမှ စတင်အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013