DVB Logo
Home
မြန်မာသတင်း
တရားမဝင် ဘင်္ဂါလီ ၁၇၃ ဦးအား ပြန်ပို့မည်၊ ခေါ်လာသူများကို လူကုန်ကူးမှုဖြင့် အမှုဖွင့်
DVB
·
December 28, 2019
တရားမဝင် ဘင်္ဂါလီ ၁၇၃ ဦးအား ပြန်ပို့မည်၊ ခေါ်လာသူများကို လူကုန်ကူးမှုဖြင့် အမှုဖွင့်
1 / 3
Donate to DVB

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့အနီး မြန်မာရေပိုင်နက်မှာ ဖမ်းဆီးရမိခဲ့တဲ့ တရားမဝင် ဘင်္ဂါလီ ၁၇၃ ယောက်ကို ပြန်ပို့မှာဖြစ်ပြီး ခေါ်လာသူ လှေသမားတွေအား လူကုန်ကူးမှုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ကော့သောင်းခရိုင်ထွေအုပ်ရုံးက ပြောပါတယ်။

ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးမြတ်သူက “အခုကတော့ သူတို့တွေကို ဂျပန်အော်လို့ခေါ်တဲ့ ဇာဒက်ငယ်ကျွန်းက စစ်ရေယာဉ်ပေါ်မှာ ထိန်းသိမ်းထားပါတယ်၊ ပြန်တော့ပို့မှာပါ၊ ညွှန်ကြားချက်ကို စောင့်နေပါတယ်။ ဘယ်ကို ပို့ရမလဲဆိုတဲ့ ညွှန်ကြားချက်လာတာနဲ့ လိုက်ပို့မယ့်အဖွဲ့တွေဖြစ်တဲ့ လ.ဝ.က၊ ရဲတပ်ဖွဲ့၊ ထွေအုပ်တို့က အဆင်သင့်ပြင်ထားပြီးသားပါ။ လူမှောင်ခိုကူးတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ ကော့သောင်းမြို့မ ရဲစခန်းမှာ အမှုဖွင့်ထားတယ်” လို့ ပြောပါတယ်။



ဒါ့အပြင် ယာယီထိန်းသိမ်းထားသူတွေကို လူသားချင်း စာနာထောက်ထားပြီး ကူညီဆောင်ရွက်ပေးထားတယ်လို့ ဦးမြတ်သူက ပြောပါတယ်။

“ကိုယ်တို့ဆီက ဆရာဝန်ကြီးတွေ၊ သူနာပြုတွေပါ သွားပြီး သူတို့ကို ကျန်းမာရေး စောင့်ရှောက်ပေးထားပါတယ်၊  ကူညီထောက်ပံ့မှုတွေကိုလည်း လုပ်ပေးထားပါတယ်။”

လှေပဲ့နင်း ဦးမျိုးဇော် အပါအ၀င် ၇ ဦးကို ကော့သောင်းမြို့မ ရဲတပ်ဖွဲ့စခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၁၁၄ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်ရွှေဝင်းက ပြောပါတယ်။

မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေက ဒီဇင်ဘာ ၁၅ ရက်မနက်က သံကျွန်းရဲ့ အနောက်ဘက် ရေမိုင် ၁၃၅ မိုင်ခန့်အကွာမှာ မသင်္ကာဖွယ် လှေတစီး တွေ့ရှိလို့  သွားရောက်စစ်ဆေးရာက တရားမဝင် လိုက်ပါလာတဲ့ ဘင်္ဂါလီ ၁၇၀ ကျော်ကို တွေ့ရှိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။



လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013