DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်၏ စစ်အသုံးစရိတ် (၂၀၁၂–၂၀၂၄)
DVB
·
April 24, 2026
Graphic: DVB
Graphic: DVB
Donate to DVB

၂၀၁၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ မြန်မာစစ်တပ်ရဲ့ စစ်အသုံးစရိတ် စာရင်းအချက်အလက်တွေကို ကြည့်ရှုရာမှာ အတက်အကျ ပြောင်းလဲမှုတွေရှိပေမဲ့ ပျမ်းမျှအားဖြင့် မြင့်တက်နေတဲ့ လမ်းကြောင်းကိုသာ ပြသနေပါတယ်။

အထူးသဖြင့် ၂၀၂၄ ခုနှစ်မှာ စစ်အသုံးစရိတ်ဟာ ဒေါ်လာ ၅,၀၁၀ သန်းအထိ ရောက်ရှိလာပြီး  ၂၀၂၃ ခုနှစ်နဲ့  နှိုင်းယှဉ်ပါက ၂ ဆကျော် တိုးမြှင့်လာခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ ဒေါ်လာ ၂,၉၇၀ သန်းရှိခဲ့တဲ့ စစ်အသုံးစရိတ်ဟာ ၂၀၂၄ ခုနှစ်မှာ ဒေါ်လာ ၅,၀၁၀ သန်းထိ တိုးတက်လာခဲ့ပြီး ဒါဟာ ကာလတလျှောက် စုစုပေါင်းအားဖြင့် ခန့်မှန်းချေ ၆၈ ဒသမ ၇ ရာခိုင်နှုန်းလောက် တိုးမြှင့်လာတာ ဖြစ်ပါတယ်။

တနှစ်ချင်း ပျမ်းမျှတိုးတက်နှုန်းကို တွက်ချက်ကြည့်ရာမှာ စစ်အသုံးစရိတ်ဟာ နှစ်စဉ် ပျမ်းမျှအားဖြင့် ၄ ဒသမ ၅ ရာခိုင်နှုန်းလောက် တိုးမြှင့်လာခဲ့တာကို တွေ့ရပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းနောက်ပိုင်း မြန်မာစစ်တပ်ဟာ ပြည်ပမှ ဝယ်ယူထားတဲ့ တိုက်လေယာဉ်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေအတွက် ငွေပေးချေရမှုတွေ တိုးလာတာကြောင့် စစ်ရေးအသုံးစရိတ် မြင့်တက်လာနေတာကို ဒေတာတွေက ထင်ရှားစွာ ပြသနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013