ရခိုင်ပြည်နယ် Mytel ကုမ္ပဏီအရာရှိနှင့် ယာဉ်မောင်းတို့ကို အေအေ ဖမ်းဆီး
DVB
·
December 27, 2019
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် Mytel ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်နယ် ဆက်သွယ်ရေးဆိုင်ရာညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်နဲ့ ယာဉ်မောင်း ဦးစောသိန်းမောင်တို့ ကို အေအေအဖွဲ့က ဖမ်းဆီးသွားတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ညွန်မှူးဦးဇော်ထွန်းအောင်ဟာ ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေးလုပ်ငန်းတွေ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ဖို့ စစ်တွေမြို့မှ ဒီဇင်ဘာ ၁၇ ရက်မှာ စတင်ထွက်ခွာခဲ့ပြီး အမ်းမြို့၊ သံတွဲမြို့၊ မင်းပြားမြို့တွေကို သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၂ ရက်မှာ မင်းပြားမြို့မှာ ညအိပ်ရပ်နားခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်မှာ ကျောက်တော်မြို့သို့ ဆက်လက်ထွက်ခွာစဉ် ဆက်သွယ်မှုမရရှိဘဲ ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။
ဒေသခံပြည်သူတွေရဲ့ပြောကြားချက် အရ ၎င်းတို့ နှစ်ဦးကို ကျောက်တော်မြို့၊ တောင်ပေါက်ကျေးရွာအနီးမှာ အေအေအဖွဲ့ဝင်တွေက အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့တာလို့ တပ်မတော် သတင်းမှာ ဖော်ပြပါတယ်။
အဆိုပါ ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်တော် အေအေအဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါဘူး။
ကောင်းကောင်း