DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်ဂေးလ်အနှိပ်ခန်းကို ထိုင်းရဲဝင်ရောက်စီးနင်း၊ မြန်မာ ၄ ဦးဖမ်းဆီးခံရ
DVB
·
December 27, 2019
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဖယားထိုင်းနယ်မြေရှိ ခန့်ငြားထယ်ဝါတဲ့ အနှိပ်ခန်းတစ်ခုကို ဝင်ရောက်စီးနင်းပြီး တရားမဝင်နိုင်ငံခြားသားတွေကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းလ၀က ရဲတပ်ဖွဲ့ က ဒီနေ့မနက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ဖယားထိုင်းနယ်မြေ စွဲအာရီ ၄ လမ်းထဲရှိ VCLUB7  ဂေးလ်အနှိပ်ခန်းမှာ အညောင်းပြေနင်းနှိပ်ပေးရုံမကဘဲ လိင်ပိုင်းဆိုင်ရာပျော်ရွှင်မှုပါ ဝန်ဆောင်ပေးကြောင်း သတင်းရထားတဲ့အတွက် တာဝန်ရှိသူတွေက ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့တာလို့ ထိုင်းလ၀ကရဲချုပ် ဆုမ်ဖုန်း ချင်းဒုံက  ဆွန်ဖူးနယ်မြေရဲစခန်းမှာပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောခဲ့တာပါ ။

အဆိုပါအနှိပ်ခန်းမှာ နှိပ်နယ်ပေးတဲ့ အမျိုးသား၀န်ထမ်း ၃၀ ဦးခန့်ရှိပြီး အခန်းတွေထဲမှာ အသုံးပြုပြီးသား ကွန်ဒုံးနဲ့ အသုံးမပြုသေးတဲ့ ကွန်ဒုံးထုတ်အသစ်တွေပါ  စစ်ဆေးတွေ့ရှိကြောင်း ၊ ဖောက်သည်အများစုမှာ နိုင်ငံခြားသားနဲ့ ထိုင်းဗွီအိုင်ပီတွေ ဖြစ်ပြီး ဝန်ဆောင်ခမှာ တစ်ကြိမ်လျှင် ဘတ်ငွေ ၃၀၀၀ ကနေ ၆၅၀၀ ဘတ်အထိရှိတယ်လို့ ဆိုပါတယ် ။

ဝန်ထမ်းတွေကို စစ်ဆေးရာမှာတော့ နေထိုင်ခွင့်အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသား ၁၁ ဦးကို တွေ့ရှိရကြောင်း ၊ အဲဒီထဲမှာ ကမ္ဘောဒီးယားနိုင်ငံသား ၁ ဦး ၊ မြန်မာ ၄ ဦး ၊ လာအို ၄ ဦး နဲ့ ဗီယက်နမ်နိုင်ငံသား ၂ ဦးတို့ ပါဝင်ပြီး သူတို့ကို နိုင်ငံထဲ တရားမဝင် ဝင်ရောက်နေထိုင်မှု ၊ ခွင့်ပြုချက်မရဘဲ အလုပ်ဝင်ရောက်လုပ်ကိုင်မှု ၊ ကန့်သတ်ထားတဲ့လုပ်ငန်းအမျိုးအစား လုပ်ကိုင်မှုတွေနဲ့ အရေးယူသွားမယ်လို့ လ၀ကရဲ မှူးက ပြောပါတယ်။ 

ဒါ့အပြင် အနှိပ်ခန်းပိုင်းရှင် ထိုင်းလူမျိုးမှာလည်း တရားမဝင်နိုင်ငံခြားသားတွေ လက်ခံထားရှိမှု ၊ ပြည်တန်ဆာခန်းဖွင့်မှုတွေနဲ့ အရေးယူခံရမှာ ဖြစ်ပါတယ် ။ 

ဒီမတိုင်ခင်က တာဝန်ရှိသူတွေဟာ အားရီး ၄ လမ်းထဲက The Prince ဆိုတဲ့ အနှိပ်ခန်းကို ဝင်ရောက်စီးနင်းဖြိုခွင်းခဲ့ပြီး အဲဒီနောက် အလုပ်သမားတွေဟာ ယခု VCLUB7 အနှိပ်ဆိုင်မှာ ပြန်လာလျှောက်ထားလုပ်ကိုင်နေတာကို သိရတယ်လို့ လ၀ကရဲချုပ်က ပြောသွားပါတယ် ။ 

ကိုးကား - မန်နေဂျာအွန်လိုင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013