DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်လုံးဆိုင်ရာ ကရင်နှစ်သစ်ကူးပွဲတော်ကို မော်ချီးတွင် ကျင်းပ
DVB
·
December 26, 2019
ကယားပြည်နယ်လုံးဆိုင်ရာ ကရင်နှစ်သစ်ကူးပွဲတော်ကို မော်ချီးတွင် ကျင်းပ
1 / 8
Donate to DVB

ကယားပြည်နယ်လုံးဆိုင်ရာ ကရင်နှစ်သစ်ကူးပွဲတော်ကို ဖားဆောင်းမြို့နယ် မော်ချီးဒေသ လိုခါးလိုကျေးရွာမှာ ဒီဇင်ဘာလ ၂၆ ရက်နေ့ မနက်က ကျင်းပါတယ်။

တပြည်နယ်လုံးဆိုင်ရာ နှစ်သစ်ကူးပွဲတော်အနေနဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့ကတည်းက ဖွင့်ပွဲ ကျင်းပခဲ့ပြီး ဒီကနေ့ ပြာသိုလဆန်း ၁ ရက် ကရင်နှစ်သစ်ကူးနေ့မှာ ကရင် အမျိုးသား အလံတင်အခမ်းအနားနဲ့ ကရင်ရိုးရာတံခွန်တိုင်စိုက်ထူ အခမ်းအနားပြုလုပ်ပါတယ်။

အခုလို ဒီဒေသမှာ ကရင်နှစ်သစ်ကူးကို ခမ်းခမ်းနားနားနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပနိုင်တာဟာ ပြည်နယ်အတွင်းက လက်နက်ကိုင်အဖွဲ့တွေက ငြိမ်းချမ်းရေးထိန်းသိမ်းနိုင်မှုကြောင့်ဖြစ်ပြီး ဒီအရာကို ဆက်လက်ထိန်းသိမ်းဖို့နဲ့ အန်စီအေလက်မှတ်မထိုးသေးတဲ့ လက်နက်ကိုင်အဖွဲ့အနေနဲ့ လက်မှတ်ထိုးဖို့  ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက တိုက်တွန်းပြောပါတယ်။

“အခုဆိုလို့ရှိရင် နေ့သွားမလား၊ ညသွားမလား အေးဆေးပါ၊ ကျနော်တို့ ရှိတဲ့အချိန်ကဆိုရင် တခါတလေ ညပိုင်းဆို သွားလို့မရပါဘူး။ ဒါကျနော် ပွင့်ပွင့်လင်းလင်းပြောတာပါ။ ဘာလို့ ဒါကို ပြောလဲဆိုရင် လက်ရှိကောင်းနေတဲ့ ငြိမ်းချမ်းရေးကို အားလုံးဝိုင်းဝန်းပြီးမှ ထိန်းသိမ်းစေချင်ပါတယ်။ မငြိမ်းချမ်းဘူးဆိုရင် ဘာမှ အဆင်မပြေပါဘူး။ ကျနော်တို့ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ အရောင်းအဝယ် သွားရေးလာရေး ဘာမှအဆင်မပြေပါဘူး။ ဆိုတော့ လက်ရှိရှိနေတဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းပေးပါ။ နောက် လက်မှတ်မထိုးသေးတဲ့ ညီအစ်ကိုတွေကိုလည်း ဒီနေရာကနေ စင်မြင့်ထက်က ဖိတ်ခေါ်ပါတယ်။ ကျနော်တို့ ကယားပြည်နယ် အောက်ကျနောက်ကျမဖြစ်ဖို့၊ ကျနော်တို့ တိုင်းရင်းသားတွေ ဖွံ့ဖြိုးဖို့အတွက်ကိုလည်း အမြန်ဆုံး အန်စီအေ ထိုးပေးပါလို့ ဒီနေရာကနေ ဖိတ်ခေါ်လိုပါတယ်။”

ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မီတီဝင် ပဒိုစောသမိန်ထွန်းကလည်း “လက်ရှိ အန်စီအေလက်မှတ်ရေးထိုးတာက ကျနော်တို့ ၁၀ ဖွဲ့ပဲ ရှိသေးတယ်။ ကျန်တဲ့ လက်နက်ကိုင်အဖွဲ့အများကြီးရှိသေးတယ်။ အင်အားရှိတဲ့အဖွဲ့တွေ၊ သူတို့ပါ လက်မှတ်ထိုးဖို့က အရေးကြီးတယ်။ အတွေးအခေါ်တွေက အမျိုးမျိုးရှိနေတာကို တိုက်ပွဲဖြစ်လိုက်ပြန်ပြီးမှ ဆွေးနွေးလိုက်နဲ့ တခါမှမရဘူး။မရတော့ကျနော်တို့ အန်စီအေကို ဘယ်လိုအဆုံးသတ်မလဲ၊ အန်စီအေ ဒါပြီးမှ ကျနော်တို့ နိုင်ငံရေးကို ဆက်ဆွေးနွေးမှာ အခုဟာက နိုင်ငံရေးကို ဆွေးနွေးရမလို အန်စီအေကလည်းမပြီး ဒီလို တိုးလို့တန်းလန်းနဲ့ နေပြည်တော်မှာ ဒီနေ့အထိ ကျနော်တို့လုပ်နေရတယ်။ အတော်စိတ်ရှည်ရတယ်။ ဇွဲရှိရတယ်။ အဲတော့ အာလုံးနဲ့ ညှိနှိုင်းဖို့လိုတယ်။ ”

နှစ်သစ်ကူးပွဲတော်ကို ကယားပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်ဥက္ကဋ္ဌ အပါအဝင် ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပြည်နယ်အခြေအစိုက်လက်နက်ကိုင်အဖွဲ့စည်းတွေလည်း တက်ရောက်ကြပါတယ်။

ကယားပြည်နည်အနေနဲ့ ပြည်နယ်လုံးဆိုင်ရာ ကရင်နှစ်သစ်ကူးပွဲကို အခုတကြိမ်အပါအဝင် ၄ ကြိမ်မြောက်ကျင်းပတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013