
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူဦးဆောင် ဖွဲ့စည်းမဲ့ အစိုးရအဖွဲ့သစ်မှာ ဝန်ကြီး အယောက် ၃၀ ကို ခန့်အပ်ဖို့အတွက် အတုအယောင်ရွေးကောက်ပွဲကနေ ပေါ်လာတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဧပြီ ၇ ရက်က အဆိုပြုတင်သွင်းလိုက်ပါတယ်။
အဆိုပြုတင်သွင်းတဲ့ စာရင်းအရ လက်ရှိ ဝန်ကြီးဌာနအသီးသီးမှာ တာန်ယူထားတဲ့သူ အများစု ပြန်လည်ပါဝင်လာပြီး လူသစ် အနည်းငယ်သာပါသလို အနိုင်ရပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီက ဝန်ကြီး ၅ နေရာသာ ပါဝင်လာတာ တွေ့ရပါတယ်။
ဝန်ကြီးဌာန ၃၁ ဌာန ဖွဲ့စည်းဖို့ အဆိုပြုထားတာကိုလည်း ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။
အဆိုပါဝန်ကြီးဌာန ၃၁ ဌာနနဲ့ ဝန်ကြီး ၃၀ ယောက်ကတော့ (၁) နိုင်ငံတော်သမ္မတရုံး၊ (၂) အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဦးခင်မောင်ရီ၊ (၃) နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနဦးအောင်ကျော်ဟိုး၊ (၄) ပို့ဆောင်ရေးဝန်ကြီးဌာန ဦးတင်အောင်စန်း၊ (၅) ဒစ်ဂျစ်တယ်ဖွံဖြိုးတိုးတတ်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဦးမြထွန်းဦး၊ (၆) ကာကွယ် ရေးဝန်ကြီးဌာန ဗိုလ်ချုပ်ကြီးထွန်းအောင်၊ (၇) ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ (၈) နိုင်ငံခြားရေး ဝန်ကြီးဌာန ဦးတင်မောင်ဆွေ၊ (၉) ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒေါက်တာကံဇော်၊ (၁၀) နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး ဘုန်းမြတ်၊ (၁၁) တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဦးသန်းမောင်၊ (၁၂) ဥပဒေရေးရာဝန်ကြီးဌာန ဒေါက်တာသီတာဦး၊ (၁၃) ပညာရေးဝန်ကြီးဌာန ဒေါက်တာချောချောစိန်၊ (၁၄) သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒေါက်တာမျိုး သိမ်းကျော်၊ (၁၅) ကျန်းမာရေးဝန်ကြီးဌာန ဒေါက်တာသက်ခိုင်ဝင်း တို့ ပါဝင်ပါတယ်။
ဒါ့အပြင် (၁၆) အမျိုးသမီးရေးရာဝန်ကြီးဌာန ဒေါက်တာသက်သက်ဇင်၊ (၁၇) ပြန်ကြားရေးဝန်ကြီးဌာန ဦးထိန်ဝင်း၊ (၁၈) သာသနာရေးဝန်ကြီးဌာန ဦးတင်ဦးလွင်၊ (၁၉) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြှောင်းဝန်ကြီးဌာန ဦးမင်းနောင်၊ (၂၀) သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဦးမျိုးဇော်သိန်း၊ (၂၁) သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဦးဆန်းဦး၊ (၂၂) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဦးကိုကိုလွင်၊ (၂၃) စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတတ်ရေးဝန်ကြီးဌာန ဒေါက်တာချာလီသန်း၊ (၂၄) လူဝင်မှု့ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးမြင့်ကြိုင်၊ (၂၅) အလုပ်သမားဝန်ကြီးဌာန ဦးခင်မောင်စိုး၊ (၂၆) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဦးထွန်းအုံ၊ (၂၇) အားကစားရေးရာဝန်ကြီးဌာန ဦးရဲမြင့်ထွန်း၊ (၂၈) လူငယ်ရေးရာဝန်ကြီးဌာန ဒေါက်တာမောင်သင်း၊ (၂၉) ဆောက်လုပ်ရေးဝန်ကြီးဌာန ဦးမျိုးသန့်၊ (၃၀) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒေါက်တာစိုးဝင်း၊ (၃၁) ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဦးမောင်မြင့် တို့ ဖြစ်ကြပါတယ်။
အဆိုပြုထားတဲ့ ဝန်ကြီးတွေကို ကန့်ကွက်လိုရင် ဧပြီလ ၉ ရက်နေ့ အစည်းအဝေးမှာ ဆွေးနွေးသွားမှာဖြစ်ပြီး ကန့် ကွက်သူမရှိရင် အတည်ပြုသွားမှာ ဖြစ်ပါတယ်။










