DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်း ဘတ်ဂျက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးသုံးမည် 
DVB
·
December 25, 2019
တနင်္သာရီတိုင်း ဘတ်ဂျက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးသုံးမည် 
1 / 3
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး အစိုးရရဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဘတ်ဂျက်မှာ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးသုံးစွဲဖို့ လျာထားပေးထားတယ်လို့ တနင်္သာရီတိုင်း ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနက သိရပါတယ်။

“ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့အတွက် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်မှာ စတင်ပြီးတော့ ဘတ်ဂျက်လျာထားပေးတာ ဖြစ်တယ်”လို့ တနင်္သာရီတိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးဌာန၊ ညွန်ကြားရေးမှူး ဦးနေထက်လင်းက ပြောပါတယ်။



ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအတွက် လောင်းလုံးမြို့နယ်၊ စမ်းလှမ်းရွာမှာ ချဉ်းကပ်တံတားနဲ့ သံကူကွန်ကရစ်ဆိပ်ခံတံတား ဆောက်လုပ်ဖို့ ငွေကျပ် ၁၅၀ သန်းနဲ့ ကျွန်းစုမြို့နယ်၊ စမတ်ကျွန်းမှာ ချဉ်းကပ်တံတားနဲ့ ရေပေါ်တံတား တည်ဆောက်ဖို့ ငွေကျပ် ၁၀၀ သန်းသုံးစွဲဖို့ လျာထားတယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဦးစားပေးဆောင်ရွက်မယ့် လုပ်ငန်းတွေ ဖြစ်တဲ့ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ လျှပ်စစ်မီးရရှိရေး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသနှင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ကဏ္ဍ ၁၁ ခုကို မနှစ်က မူဝါဒချပြီး ဆောင်ရွက်ခဲ့ပါတယ်။

လာမယ့်နှစ်မှာလည်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မြို့ပေါ်မှာ ဖွံ့တိုးတက်ရေးလုပ်ငန်းတွေကို ဆက်လက်တိုးချဲ့နိုင်ဖို့ ဘဏ္ဍာငွေ လျာထားပေးသွားမယ်လို့လည်း ရသုံးမှန်းခြေငွေစာရင်းဦးဌာနက  ဆိုပါတယ်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရရဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်က အသုံးစရိတ်ခန့်မှန်းခြေမှာ ငွေကျပ် ၁၅၉၅၃၃ သန်းဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ အသုံးစရိတ် ခန့်မှန်းခြေမှာ ငွေကျပ် ၁၇၃၁၄၆ သန်းဖြစ်လို့ အရင်နှစ်ကထက် ငွေကျပ် ၁၄ ဘီလီယံလောက် တိုးတက်လာပါတယ်။



တင့်လွင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013