ရခိုင်ပြည်နယ်တွင် အင်တာနက် ဖြတ်တောက်မှု ရပ်တန့်ပေးရန် ဆန္ဒပြတောင်းဆို
ရန်နိုင်ဇော်ဝင်း
·
December 25, 2019
ရခိုင်ပြည်နယ် မြို့နယ် ၄ မြို့နယ်မှာ အင်တာနက် ဖြတ်တောက်ထားတာကို ကန့်ကွက်တဲ့အနေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အသံအဖွဲ့ ဦးဆောင်တဲ့ တက်ကြွလှုပ်ရှားသူတချို့က ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်က ၄ မြို့နယ်မှာ အစိုးရက အင်တာနက် ဖြတ်တောက်ထားတာ ၆ လဝန်းကျင်လောက်ရှိပြီ ဖြစ်ပါတယ်။
အင်တာနက် ဖြတ်တောက်တဲ့အတွက် ဒေသခံတွေရဲ့ လူမှု စီးပွားရေးတွေ ထိခိုက်နေရသလို တိုက်ပွဲသတင်းတွေကိုလည်း အချိန်မီ မသိနိုင်တဲ့လို့ အခက်အခဲ ဖြစ်နေတယ်လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ ရခိုင်လူငယ်တွေက ပြောပါတယ်။
ဒါပေမဲ့ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ အေအေတပ်ဖွဲ့က အင်တာနက်နည်းပညာကို အသုံးပြုပြီး တပ်မတော်စစ်ကြောင်းတွေကို မိုင်းခွဲတိုက်ခိုက်နေတယ်လို့ အိန္ဒိယ ထောက်လှမ်းရေးအဖွဲ့က ထုတ်ပြန်ထားတာတွေ ရှိပါတယ်။
ပြီးခဲ့တဲ့ဇွန်လကစပြီး အစိုးရက ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ် ၉ ခုကို အင်တာနက် ဖြတ်တောက်လိုက်တာပါ။
နောက်ပိုင်းမှာ မြို့နယ် ၄ ခုကို အင်တာနက် ပြန်ဖွင့်ပေးခဲ့ပြီး ၅ ခုကိုတော့ အခုအချိန်အထိ ဆက်လက် ဖြတ်တောက်ထားပါတယ်။
ခုလို အင်တာနက် ဖြတ်တောက်မှုကြောင့် ရခိုင်ပြည်နယ်က လူဦးရေ ၇ သိန်းနီးပါး လူမှုစီးပွား ထိခိုက်နစ်နာ အခက်အခဲဖြစ်နေတယ်လို့ အသံအဖွဲ့က ပြောပါတယ်။
Photo - Ye Myo Khant / MPA



