DVB Logo
Home
မြန်မာသတင်း
မန္တလေး အရိုးအထူးကုဆေးရုံအုပ်ကြီးနှင့် ဦးစီးအရာရှိတို့ကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့် အရေးယူ 
DVB
·
December 22, 2019
မန္တလေး အရိုးအထူးကုဆေးရုံအုပ်ကြီးနှင့် ဦးစီးအရာရှိတို့ကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့် အရေးယူ 
Donate to DVB

မန္တလေး အရိုးအထူးကုဆေးရုံက ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်နဲ့ ဌာနခွဲစာရေး လက်ရှိ မန္တလေးတိုင်း ကုသရေးဦးစီးဌာနက အရာရှိ ဦးအောင်ကျော်ဦးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့  အမှုဖွင့် အရေးယူလိုက်ပါတယ်။

မန္တလေးမြို့ အရိုးအထူးကုဆေးရုံကြီး (ခုတင် ၅၀၀)မှ ဆေးရုံအုပ်ကြီး ဦးကြည်လွင်နဲ့ အဖွဲ့ဟာ ရာထူးတာဝန်တွေကို အလွဲသုံးစားပြုပြီး ဆေးရုံမှာ လုပ်ကိုင်နေတဲ့ တင်ဒါလုပ်ငန်းတွေထံကနေ အမြတ်ထုတ် ကိုယ်ကျိုးစီးပွားရှာနေတာကို အရေးယူပေးပါဖို့   တိုင်ကြားစာအရ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဒီဇင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။ 

စစ်ဆေးချက်အရ ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်ဟာ အရိုးအထူးကုဆေးရုံဝင်းအတွင်း ယာဉ်ရပ်နားခ ကောက်ခံရေး လုပ်ငန်းတင်ဒါ ခေါ်ယူတာနဲ့ပတ်သက်ပြီး   ၂၀၁၇-၂၀၁၈ ခုနှစ်နဲ့ ၂၀၁၈-၂၀၁၉ ခုနှစ်မှာ လုပ်ငန်းရှင် နှစ်ဦးထံက ငွေကျပ် သိန်း ၃၀ စီ စုစုပေါင်း ငွေကျပ် သိန်း ၆၀ ကိုလည်းကောင်း၊ ၂၀၁၉-၂၀၂၀ ခုနှစ်နဲ့ ၂၀၂၀-၂၀၂၁ ခုနှစ်မှာ လုပ်ငန်းရှင် နှစ်ဦးထံမှ ငွေကျပ် သိန်း ၄၀ စီ စုစုပေါင်း ငွေကျပ် သိန်း ၈၀ ကို လည်းကောင်း၊ စုစုပေါင်းငွေကျပ်သိန်း ၁၄၀ ကို တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့ပြီး ရာထူးတာဝန်ကို အလွဲသုံးစားပြု အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ကော်မရှင်က ထုတ်ပြန်ပါတယ်။ 

အလားတူ ဌာနခွဲစာရေး ဦးအောင်ကျော်ဦးကလည်း အရိုးအထူးကု ဆေးရုံကြီးဝင်းအတွင်း စက်ဘီး/ဆိုင်ကယ် အပ်နှံခ ကောက်ခံတဲ့ လုပ်ငန်းနေရာ နှစ်ခုအတွက် ၂၀၁၇-၂၀၁၉ ခုနှစ်မှာ တင်ဒါရရှိရေး ကူညီဆောင်ရွက်ပေးမယ်ဆိုကာ ငွေကျပ် ၂ သိန်းကို လည်းကောင်း၊ တင်ဒါကော်မတီဝင်တွေကို ကန်တော့ဖို့ ငွေကျပ် ၃ သိန်းကို လည်းကောင်း၊ တင်ဒါအောင်မြင်သူထံမှ ငွေကျပ် ၇ သိန်းခန့်တန်ဖိုးရှိ ကင်မရာနဲ့ Laptop ကွန်ပျူတာတို့ကိုလည်းကောင်း တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဆိုပါ အမှုတွေနဲ့ပတ်သက်ပြီး ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်ကို  အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း၊ ဌာနခွဲစာရေး ဦးအောင်ကျော်ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ လည်းကောင်း ချမ်းအေးသာစံမြို့နယ် အမှတ် (၁၁) နယ်မြေရဲစခန်းမှာ ဒီဇင်ဘာ ၂၀ ရက်က ပထမ သတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ပြီး တရားစွဲ အရေးယူမယ်လို့ ကော်မရှင် ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013