Home
မြန်မာသတင်း
ဗစ်တိုးရီးယားအမှု သက်သေစုံမှ တရားစွဲ၊ မစွဲဆုံးဖြတ်သင့်ဟု ရဲတပ်ဖွဲ့ပြော
DVB
·
December 19, 2019
80847124_3107223579292640_671314636884148224_o
79649542_3107223535959311_5118977615213887488_o
ဗစ်တိုးရီးယားအမှုမှာ အားကောင်းတဲ့ သက်မဲ့ သက်သေတွေ ရှိပေမဲ့ တရားရုံး ကသံသယရှိသူကို တရားရှင်ပြန်လွှတ်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီအမှုမှာ သက်သေ ၂၆ ဦးစလုံးကို စစ်ဆေးပြီးမှသာ စွဲချက်တင်သင့်မတင်သင့်ကို ဆုံးဖြတ်သင့်တယ်လို့လည်း မှုခင်းရဲတပ်ဖွဲ့မှူး  ရဲမှူးချုပ်က ပြောပါတယ်။ ဗစ်တိုးရီးယားအမှုမှာ  စွဲစွပ်ဖမ်းဆီးခံနေရတဲ့ ကိုအောင်ကြီးကို တရားရုံးက တရားရှင် ပြန်လွှတ်ပေးခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က နေပြည်တော်ရှိ ဌာနချုပ်မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြောကြားသွားတာပါ။  ဒါ့အပြင် တရားလိုရဲ့ ပထမ သတင်းပေးတိုင်တန်းချက်တွေကတမျိုး နောက်ပိုင်းမှာမှ ပြောင်းလဲမှုတွေ  ဖြစ်သွားတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီနေ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ဗစ်တိုးရီးယားကလေးငယ်ရဲ့ အမည်ကို ရဲတပ်ဖွဲ့က လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး  ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ တရားလိုပြသက်သေတွေ မကုန်ခင်မှာဘဲ ဗစ်တိုးရီးယားနဲ့ ပတ်သက်လို့ ပြစ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ ယာဉ်မောင်း အောင်ကြီးကို  ပြစ်မှုကျူးလွန်ဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်ပြီး တရားသူကြီးက ဒီဇင်ဘာ ၁၈ ရက်နေ့ ရုံးချိန်းမှာ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။  ၂၀၁၉ မေလက နေပြည်တော်မှာရှိတဲ့ wisdom hill မူကြိုကျောင်းမှာ ကျောင်းတက်နေတဲ့ မိန်းကလေးငယ်တဦး လိင်အကြမ်းဖက်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မူကြိုကျောင်းရဲ့ ယာဉ်မောင်း ကိုအောင်ကြီးကို ဖမ်းဆီးခဲ့ပြီး ရုံးတင်စွဲဆိုဖို့ သက်သေမလုံလောက်တဲ့အတွက် ပြန်လွှတ်ပေးခဲ့ကာ ဇွန်လလယ်မှာ ရဲက ပြန်လည်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ယာဉ်မောင်း ကိုအောင်ကြီးဟာ ဗစ်တိုးရီးယားအမှုမှာ သံသယရှိမှုနဲ့ ဖမ်းဆီးခံထားရတာ  ၆ လအကြာမှာ မနေ့က အကျဉ်းထောင်ကနေ တရားရှင် ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024