DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် ​ကျောက်စိမ်းလုပ်ကွက် တောင်နံရံပြိုကျပြီး ၇ ဦး​သေဆုံး
DVB
·
July 3, 2026
Photo: TLM
Photo: TLM
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုက နမ့်မှော်နဲ့ ကောင်စံကျေးရွာကြား ​ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်က ​တောင်နံရံ ဒီ​နေ့ ဇူလိုင် ၃ ရက် မနက်ပိုင်းမှာ ပြိုကျပြီး ၇ ယောက် သေဆုံးသွားတယ်လို့ ​ဒေသခံ​တွေဆီက သိရပါတယ်။

မြေပြိုကျလို့ လုပ်ကွက်က ရေမဆေးကျောက်ရှာတဲ့ ဝန်ထမ်း အမျိုးသား ၇ ယောက် ပါသွားတာဖြစ်ပြီး သူတို့ရဲ့ အမည်နဲ့ ​နေရပ်​တွေကို​တော့ စာရင်းပြုစု​နေဆဲလို့ ဆိုပါတယ်။

​ဒေသခံတ​ယောက်က “​မြေပြိုကျတာ ဟုတ်တယ်။ ပါသွားတာ ၇ ဦးပါ။ စာရင်း​တွေ​တော့ မရ​သေးဘူး။ အကုန်လုံး အမျိုးသား​တွေပါ။ ကုမ္ပဏီဝန်ထမ်း​တွေလို့ သိရပါတယ်” လို့ DVB ကို ​ပြောပါတယ်။

​သေဆုံးသူ​တွေရဲ့ ရုပ်အ​လောင်း​တွေကို ဖားကန့် လူမှုရေးအသင်း​တွေက ရှာဖွေရေး လုပ်​ဆောင်​နေတယ်လို့ သိရပါတယ်။

​ဒေသခံတ​ယောက်က “မိုးတွင်းကာလဆို​တော့ ​မြေပြိုတာ၊ ​မျော​ချောင်း​ပေါက်တာ​တွေ​ကြောင့် ​ရေမ​ဆေးရှာသူ​တွေ ပါသွားတဲ့ဖြစ်စဥ်​တွေက ရှိ​နေတာပဲ။ အခုက ​အောက်မှာ ​ကျောက်ရှာတယ်၊ အ​ပေါ်က ကမ်းပါးက ပြိုကျတာ။ ​​ရေအိုင်​တော့ မရှိဘူး” လို့ ​ပြောပါတယ်။

ပြီးခဲ့တဲ့လက ဖားကန့်မှာ မိုးသည်းထန်လို့ ​ဥရု​ချောင်း ရေကြီးတာတွေ ဖြစ်ခဲ့ပြီး ​ဒေသခံ​တွေလည်း ​ပြောင်း​ရွှေ့ခဲ့ကြရသလို စစ်​ရေးအ​ခြေအ​နေ​တွေလည်း တည်ငြိမ်​နေတာ မရှိဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013