DVB Logo
Home
မြန်မာသတင်း
ကသာ ပညာရေးကောလိပ် စတင်ဖွင့်လှစ်
DVB
·
December 18, 2019
ကသာ ပညာရေးကောလိပ် စတင်ဖွင့်လှစ်
1 / 5
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တတိယမြောက် ပညာရေးကောလိပ် ဖြစ်တဲ့ ကသာပညာရေးကောလိပ်ကို ဒီဇင်ဘာ ၁၈ ရက်က စတင်ဖွင့်လှစ်ပါတယ်။



ပညာရေးကောလိပ်ဖွင့်ပွဲကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးဆောင်တဲ့ အစိုးရအဖွဲ့၊ တိုင်းလွှတ်တော် ဥက္ကဋ္ဌနဲ့ ကိုယ်စားလှယ်တွေ၊ ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ်နဲ့ ဌာနဆိုင်ရာတွေ၊ ကျောင်းသားနဲ့၊ ပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီပညာရေးကောလိပ်ကို ၂၀၁၆-၁၇ ခုနှစ်က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၁၈-၁၉ ပညာသင်နှစ်မှာ ကျောင်းသား ၆၅ ယောက်ကို စတင်လက်ခံကာ ဖွင့်လှစ်သင်ကြားပေးပါတယ်။

ကောလိပ်အတွက် နိုင်ငံတော်က ကျပ်သန်းပေါင်း ၂၇၉၈ သန်း အကုန်အကျခံ တည်ဆောက်ပေးတာလည်း ဖြစ်ပြီး နောက်ထပ်လည်း အိပ်ဆောင် ၄ ဆောင်အတွက် ကျပ်သန်း ၇၀၀ ကျော် ချထားပေးတယ်လို့ သိရပါတယ်။



လတ်တလောမှာ ပညာသင်နှစ် စတင်နေပြီဖြစ်ပေမယ့် ကျောင်းသားတွေအတွက် သောက်သုံးရေ အခက်အခဲ ရှိနေပါသေးတယ်။ ပညာရေးကောလိပ်မှာ ဘာသာရပ် ၁၆ မျိုးကို သင်ကြားပေးမှာ ဖြစ်ပြီး  ဒေသခံတွင်း ဆရာ၊ ဆရာမ လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကိုင်းပညာရေးတက္ကသိုလ်၊ မုံရွာပညာရေးကောလိပ်တို့ ဖွင့်လှစ်ထားပြီး နောက်ထပ်အနေနဲ့ ကသာပညာရေးကောလိပ်ကို ဖွင့်လှစ်လိုက်တာပါ။ 



အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဝင်းနိုင်ထွန်းက “ဒီကောလိပ်က ကသာခရိုင်အတွင်းရှိတဲ့ ဒေသခံတွေရဲ့ ပညာဆက်လက်သင်ယူဖို့ အခွင့်အလမ်းကောင်း ရရှိလာခြင်းလည်း ဖြစ်တယ်။ နယ်ခံ ဆရာ၊ ဆရာမ ဦးရေများပြားလာမှာဖြစ်လို့ အခြေခံပညာရေးကဏ္ဍမှာ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ ပညာရေး တိုးတက်လာရင် လူမှုရေး၊ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနဲ့  လမ်းပန်းဆက်သွယ်ရေးတွေလည်း ပိုကောင်းလာမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။ 

လာမယ့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှာလည်း ဘွဲ့ရ ကျောင်းသား ကျောင်းသူတွေကို လုပ်ငန်းခွင်အကြို ဆရာအတတ်သင်တန်း ဖွင့်လှစ်ဖို့ရှိပြီး အဲဒီသင်တန်းမှာတော့ ကျောင်းသား ၁၀၀ ဦး၊ ကျောင်းသူ ၁၀၀ ဦးကို လက်ခံသင်ကြားပေးမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013