DVB Logo
Home
မြန်မာသတင်း
ကမ်းလွန်လုပ်ကွက် A-6 မှ သဘာဝဓာတ်ငွေ့ စီးပွားဖြစ် ထုတ်လုပ်ရန် စာချုပ်ချုပ်ဆို
DVB
·
December 18, 2019
ကမ်းလွန်လုပ်ကွက် A-6 မှ သဘာဝဓာတ်ငွေ့ စီးပွားဖြစ် ထုတ်လုပ်ရန် စာချုပ်ချုပ်ဆို
1 / 4
Donate to DVB

ဧရာဝတီတိုင်း၊ ကမ်းလွန်လုပ်ကွက် A-6 ကနေ  သဘာဝဓာတ်ငွေ့တွေ စီးပွားဖြစ် ထုတ်လုပ်ဖို့ ဘဏ္ဍာရေးဆိုင်ရာ သဘောတူစာချုပ်တွေကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ အကျိုးတူလုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေအကြား လက်မှတ်ရေးထိုးလိုက်ပါတယ်။



သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုနဲ့ သယ်ယူပို့ဆောင်ရောင်းချမှုဆိုင်ရာ ကဏ္ဍတွေမှာ ဘဏ္ဍာရေးဆိုင်ရာ မူဘောင်တရပ် ချမှတ်နိုင်ဖို့အတွက် Adjustment of Production Sharing Contracts and Fiscal Terms ဆိုင်ရာ စာချုပ်တွေကို ဒီဇင်ဘာ ၁၆ ရက်က နေပြည်တော်မှာ ချုပ်ဆိုခဲ့ကြတာလို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

စာချုပ်တွေကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးနဲ့  MPRL E&P ကုမ္ပဏီက ဦးစည်သူမိုးမြင့်၊ Woodside Energy (Myanmar) ကုမ္ပဏီကက ရေဘက္ကာလူဝစ်နဲ့ Total E&P (Myanmar)ကုမ္ပဏီက ရိုမာရစ်ရိုဂနန်တို့က စာချုပ်တွေကို လက်မှတ်ရေးထိုး လဲလှယ်ကြပါတယ်။

အဲဒီကမ်းလွန်လုပ်ကွက် A-6 မှာ ရှာဖွေတွေ့ထားတဲ့ သဘာဝဓာတ်ငွေ့ပမာဏဟာ အချိန်တိုအတွင်း စီးပွားဖြစ်ထုတ်လုပ်ပြီး နိုင်ငံတော်ပြည်တွင်း သုံးစွဲနိုင်ရေးအတွက် အထူးအားထားရမယ့်စီမံကိန်း ဖြစ်ပြီး နိုင်ငံအတွက် ပထမဆုံး ရေအလွန်နက်တဲ့ဒေသမှာရှိတဲ့ ကမ်းလွန်စီမံကိန်းဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောပါတယ်။

မြန်မာတွေ ဦးဆောင်တဲ့ MPRL E&P ကုမ္ပဏီဟာ လုပ်ကွက် A-6 မှာ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ်ကို ၂၀၀၇ ခုနှစ်မှာ ချုပ်ဆိုပြီး ရေနံနဲ့သဘာဝဓာတ်ငွေ့ ရှာဖွေတိုင်းတာရေးနဲ့ တူးဖော်ရေးလုပ်ငန်းတွေ စတင်ခဲ့ပြီး စီးပွားဖြစ်ထုတ်လုပ်နိုင်ဖို့ အလားအလာရှိတဲ့ သဘာဝဓာတ်ငွေ့တွေ တူးဖော်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် သြစတြေးလျအခြေစိုက်ကုမ္ပဏီဖြစ်တဲ့ Woodside Energy (Myanmar) ကဦးဆောင်ပြီး Total E&P (Myanmar) ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ရှာဖွေရေးနှင့် တူးဖော်ရေးလုပ်ငန်းတွေ ဆက်လုပ်ခဲ့တာပါ။

Woodside ရဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အမှုဆောင် ဒု ဥက္ကဋ္ဌ မက်ဂျ်အိုနေးလ်က “A 6 ကမ်းလွန်လုပ်ကွက် တည်ဆောက်ရေးလုပ်ငန်းဟာ တူးဖော်တာနဲ့ အကဲဖြတ်တဲ့အဆင့်ကနေ အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ ဒီဇိုင်းဖော်ဆောင်တဲ့အဆင့်ကို ရောက်နေပြီဖြစ်လို့ ဒီနေ့က အလွန် အရေးပါတဲ့ သမိုင်းမှတ်တိုင်တခု ဖြစ်ပါတယ်။ A-6 ကမ်းလွန်လုပ်ကွက် အကျိုးတူမိတ်ဖက်တွေနဲ့ မြန်မာနိုင်ငံအစိုးရတို့အကြား မြန်မာ့ပထဆုံးသော အရမ်းနက်တဲ့ ရေနက်ပိုင်းအရင်းအမြစ် စီးပွားရေး လုပ်ငန်းဖော်ဆောင်မှုဆိုင်ရာ ဘဏ္ဍာရေးမူဘောင်တခုကို သဘောတူညီနိုင်ခဲ့ပါတယ်။ A-6 ဟာ နိုင်ငံအတွက် ရေရှည်ဝင်ငွေ၊ အခွန်ငွေနဲ့ လုပ်ငန်းလုပ်ကွက် ငှးရမ်းမှုဆိုင်ရာ အခကြေးငွေ စတဲ့ အကျိုးရလဒ်ကောင်းတွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်” လို့ ပြောပါတယ်။



သဘာဝဓာတ်ငွေ့တူးဖော်ထုတ်လုပ်မှု ကန်ထရိုက်နဲ့ လုပ်သား ၃၅ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။

A-6 လုပ်ကွက်မှာ ရေအောက် မီတာ ၂၀၀၀ ကနေ ၂၃၀၀ အနက်မှာ ရေနက်တူးဖော်ရေးလုပ်ငန်း ၁၀ ခု (အဆင့် ၁ မှာ ၆ တွင်း၊ အဆင့် ၂ မှာ ၄ တွင်းအထိ) ပါမှာဖြစ်ပါတယ်။

ဓာတ်ငွေ့တွေကို ရတနာကမ်းလွန်လုပ်ကွက်နားက တင်ပို့မှုလုပ်ကွက်နေရာကို ကီလိုမီတာ ၂၄၀ ရှည်တဲ့ ပိုက်လိုင်းနဲ့ ပို့သွားမှာ ဖြစ်ပြီး ဓာတ်ငွေ့တွေကို အဲဒီနေရာကတဆင့် တည်ရှိပြီးသား ပိုက်လိုင်းတွေကိုသုံးပြီး မြန်မာနဲ့ ထိုင်းကို ၂၀၂၃ နှစ်ကုန်ပိုင်းက ဖြန့်ဝေသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013