ICJ အတွေ့အကြုံ ဒေါ်အောင်ဆန်းစုကြည် လူထုထံအစီရင်ခံ မိန့်ခွန်းပြောကြားမည်
DVB
·
December 18, 2019
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကြားနာမှုဆိုင်ရာ အတွေ့ အကြုံတွေနဲ့ စပ်လျဉ်းပြီး ပြည်သူလူထုသို့ အစီရင်ခံတင်ပြတဲ့ မိန့်ခွန်း ပြောကြားဖို့ ရှိနေပါတယ်။
ပြည်သူလူထုသို့ အစီရင်ခံ တင်ပြတဲ့ မိန့်ခွန်းကို မြန်မာ့ရုပ်မြင်သံကြားနှင့် မြန်မာ့အသံ ရေဒီယိုတို့ကနေ ဒီဇင်ဘာ ၁၈ ရက် ည ၈ နာရီ တွင်မှာ ထုတ်လွှင့်သွားမယ်လို့ အစိုးရပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
ဂမ်ဘီယာနိုင်ငံက မြန်မာကို တရားစွဲထားတဲ့အမှုကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့က ICJ တရားရုံးမှာ ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၂ ရက်အထိ တက်ရောက် ကြားနာခဲ့ တာဖြစ်ပါတယ်။