
တရုတ်၊ လာအို၊ မြန်မာနဲ့ ထိုင်း ၄ နိုင်ငံဖြတ်ကျော် B&R International Rally ကားမောင်းခရီးစဉ်မှာ လိုက်ပါတာတဲ့ မော်တော်ယာဉ်တွေဟာ ဒီဇင်ဘာ ၁၇ ရက် မနက်ပိုင်းက ရှမ်းပြည်နယ် တာချီလိတ်မြို့ကတဆင့် ထိုင်းနိုင်ငံသို့ ဆက်လက် ထွက်ခွာသွားပါတယ်။
ဒီခရီးစဉ်မှာ မော်တော်ယာဉ် ၄၅ စီးနဲ့ တရုတ်နိုင်ငံသား ၁၂၀ ဦး ပါဝင်ပြီး မြန်မာနိုင်ငံ မြဝတီမြို့ကို ဒီဇင်ဘာ ၈ ရက်က ဝင်ရောက်လာခဲ့တာပါ။
အဲဒီကတဆင့် ရန်ကုန်-နေပြည်တော်-ပုဂံ-မန္တလေး-ကျိုင်းတုံ-တာချီလိတ် လမ်းကြောင်းအတိုင်း မောင်းနှင်ခဲ့ပြီး ဒီဇင်ဘာ ၁၇ ရက်မှာ တာချီလိတ်ကတဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ ဆက်လက်ထွက်ခွာသွားတာပါ။
![]() |
![]() |
|---|---|
![]() |
![]() |
Photo - MeKongNews / MPA














