DVB Logo
Home
မြန်မာသတင်း
သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းစေရန် ကျောက်ဖြူတွင် စုပေါင်းအမှိုက်ကောက်
DVB
·
December 15, 2019
သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းစေရန် ကျောက်ဖြူတွင် စုပေါင်းအမှိုက်ကောက်
Donate to DVB

သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းစေဖို့နဲ့ ပလတ်စတစ် သုံးစွဲတာ လျော့ကျစေဖို့ ရည်ရွယ်ပြီး ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ လူငယ်တွေက စုပေါင်း အမှိုက်ကောက်ကမ်ပိန်း ပြုလုပ်ခဲ့ပါတယ်။

ဒီဇင်ဘာ ၁၅ ရက်က သန္တာရင်သွီးလူငယ်အဖွဲ့ ဦးဆောင်ပြီး  ကျောက်ဖြူမြို့ ပင်လယ်ကမ်းခြေတလျှောက် အမှိုက်ကောက်ကမ်ပိန်း လုပ်တာပါ။

သန္တာရင်သွီးလူငယ်အဖွဲ့ ခေါင်းဆောင် ကိုနေစိုးက “သဘာဝပတ်ဝန်းကျင်က အရမ်းကို ပျက်စီးနေပြီ ဖြစ်တယ်။ သဘာဝပတ်ဝန်းကျင်ကို ကျနော်တို့ လူငယ်တွေအနေနဲ့ ထိန်းထိန်းသိမ်းသိမ်းနဲ့ နေတတ်အောင်၊ အသုံးပြုတတ်လာအောင် အဓိက ရည်ရွယ်တယ်။ ဒီပလတ်စတစ်စဟာ ရေထဲမှာကျရင်လည်း ငါးတွေ သေဆုံးနိုင်တယ်၊ ရေထဲမှာ မြုပ်သွားရင်လည်း သဘာဝပတ်ဝန်းကျင် ပျက်စီးပြီးတော့ ရေထဲမှာ ဒီပလတ်စတစ် ဆွေးမြည့်ဖို့အတွက် နှစ်ပေါင်း ၁၂၀ လောက်ကြာတယ်၊ အဲဒါတွေကို ကျနော်တို့ မဖြစ်ရအောင် ဒီပလတ်စတစ် အဓိကထားပြီး ကောက်တာ” လို့ ပြောပါတယ်။

ပင်လယ်ကမ်းခြေ ဆိုတာ အများပြည်သူ အပန်းဖြေ အနားယူတဲ့ နေရာတခုဖြစ်ပြီး အမှိုက်တွေကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသလို ကျန်းမာရေးလည်း ထိခိုက်မှုတွေ ရှိလာတာကြောင့် အခုလို စုပေါင်းအမှိုက်ကောက်ရတာလို့ အုန်းတောပရဟိတ ဖောင်ဒေးရှင်းအသင်းမှ ကိုမင်းဇအောင်က ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ၊ ဖမ်းဆီးနှိပ်စက်ခံရတာတွေ ရှိလာနေတဲ့အတွက် ငြိမ်းချမ်းရေး၊ တရားမျှတမှုကို အလိုရှိတဲ့ စာတန်းပါ တူညီဝတ်စုံတွေကို ဝတ်ဆင်ခဲ့ကြပါတယ်။

အမှိုက်ကောက်ကမ်ပိန်းကို ကျောက်ဖြူမြို့ရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ ကျောင်းသား၊ ကျောင်းသူတွေ အပါအဝင် လူ ၁၀၀ ကျော် ပါဝင်ခဲ့ကြပါတယ်။

နောင်နောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013