DVB Logo
Home
မြန်မာသတင်း
မော်လမြိုင် ကမ်းနားလမ်း ညဈေးစီမံကိန်း စတင်
DVB
·
December 15, 2019
မော်လမြိုင် ကမ်းနားလမ်း ညဈေးစီမံကိန်း စတင်
Donate to DVB

မွန်ပြည်နယ်က မော်လမြိုင်မြို့ ကမ်းနားလမ်းမှာ ဖျော်ဖြေရေးအစီအစဉ်တွေပါမယ့် ညဈေး Night Market စီမံကိန်းကို ပြည်နယ်အစိုးရက အကောင်အထည်ဖော်ရာမှာ အခုအခါ လမ်းတိုးချဲ့တာနဲ့ ပလက်ဖောင်း ပြုပြင်တာတွေ စတင်လုပ်ဆောင်နေပါတယ်။

ဒီ Night Market ဟာ ကမ်းနားလမ်း အပိုင်း ၆ မှာရှိပြီး ညပိုင်း အပန်းဖြေလို့ရအောင် ဖျော်ဖြေရေးအစီအစဉ်တွေပါ ထည့်သွင်းဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်လို့ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးတင်ကိုကိုက ပြောပါတယ်။

ဒါ့အပြင် Night Market မှာ ဈေးဆိုင်ခန်းပေါင်း ၁၀၀ လောက်နဲ့ စတင် ဖွင့်လှစ်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေပြီး လာရောက်အပန်းဖြေတဲ့သူတွေ အဆင်ပြေစေဖို့ အများသုံး အိမ်သာ တွေနဲ့ စည်ကမ်းထိန်းသိမ်းရေးရုံးတွေကိုပါ ထည့်သွင်းတည်ဆောက်သွားမယ်လို့ ဆိုပါတယ်။

အခုဒီ Night Market ဟာ ခရီးသွားလုပ်ငန်းကို မြှင့်တင်ဖို့ ရည်ရွယ်တဲ့အပြင် FDA ထောက်ခံချက်နဲ့အညီ သန့်စင်တဲ့ စားသောက်စရာတွေ ရအောင် ဖန်တီးပေးသွားမယ်လို့ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇင်ဦးက ပြောပါတယ်။

ဒါအပြင် Night Market မှာ လာရောက် ရောင်းချမယ့် ဈေးသည်တွေကို လျှောက်လွှာ ခေါ်မှာဖြစ်ပြီး ရွေးချယ်စိစစ်မှုကို ပြည်နယ်အစိုးရက လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

မော်လမြိုင်မှာတော့ အခုအခါ ကမ်းနားလမ်းမှာ ရေပေါ် ဈေးတခုကို ဖွင့်လှစ်ထားပြီး အခုဖွင့်လှစ်မယ့် Night Market ခေါ် Night Walking Street ကို လာမယ့် ဇန်နဝါရီလမှာ စတင်ဖွင့်လှစ်သွားဖို့ စီစဉ်ထားတာပါ။

ဇော်လွင်ထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013