DVB Logo
Home
မြန်မာသတင်း
တပ်မတော်စစ်ကြောင်းက ခေါ်ဆောင်သွားသည့် အုပ်ချုပ်ရေးမှူးတဦးကို သေဆုံးလျက်တွေ့ရှိ
DVB
·
December 15, 2019
တပ်မတော်စစ်ကြောင်းက ခေါ်ဆောင်သွားသည့် အုပ်ချုပ်ရေးမှူးတဦးကို သေဆုံးလျက်တွေ့ရှိ
Donate to DVB

မင်းပြားမြို့နယ် စိတ္တရကျေးရွာအနီး တပ်မတော်စစ်ကြောင်းက ခေါ်ဆောင်သွားတဲ့ ကျောက်မော်အုပ်ချုပ်ရေးမှူး ဦးကျော်အေးမောင်ကို ဒီဇင်ဘာ ၁၄ ရက်နေ့က မင်းပြားမြို့နယ်၊ မင်းပုန်းတောင်း တောင်ခြေရင်းမှာ သေဆုံးလျက်  တွေ့ရှိခဲ့တယ်လို့ မိသားစုဝင်တွေက ဒီဗွီဘီကို ပြောပါတယ်။

ဒီဇင်ဘာ ၁၄ ရက်နေ့ နေ့လယ်ပိုင်း ၁ နာရီလောက် ကျောက်မော်အုပ်ချုပ်ရေးမှူး ဦးကျော်အေးမောင်ကို မိသားစုတွေက ရှာဖွေရင်းကနေ သလူချောင်းကျေးရွာအနား မင်းပုန်းတောင် ဆိုတဲ့ တောင်အောက်ခြေရင်းမှာ တွေ့ရှိခဲ့တာလို့ ဦးလေးဖြစ်သူ ဦးကျော်လှဖြူက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော့်တူလေးအလောင်းကို သလူချောင်းနားက မင်းပုန်းတောင်းရဲ့ တောင်ခြေရင်းမှာ ‌တွေ့တယ်။ တပ်မတော်စစ်ကြောင်းကနေ ဖမ်းပြီးယူသွားတာ။ အဲဒီနေ့ စိတ္တရကျေးရွာကို သွားတာ။ စိတ္တရကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရတယ်။ အမျိုးသမီးတယောက် အသတ်ခံရတယ်။ ပြီးတော့ ကျနော့်တူလေး အပါအဝင် ၈ ယောက်ကို တပ်မတော်စစ်ကြောင်းက အဲဒီမှာ တခါတည်း ဖမ်းသွားတာ။ အလောင်းကို ဒီနေ့မှ တွေ့တာ။”

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာကို တပ်မတော်စစ်ကြောင်းက ဒီဇင်ဘာ ၁၁ ရက်၊ ည ၁၁ နာရီဝန်းကျင်လောက်က ဝင်ရောက်လာကာ သေနတ်ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာနေ ဒေါ်ဖြူဖြူဝင်း သေဆုံးပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကတော့ နှိပ်စက်ခံရတာကြောင့် သေဆုံးသွားတယ်လို့ နယ်ခံလွှတ်တော်အမတ်နဲ့ မိသားစုတွေက ပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံရသူ ဦးမောင်ဘညွှန်ရဲ့ ဇနီးဖြစ်သူ ဒေါ်လှလှသန်းက “အိမ်ရှေ့မှာပဲ ဝိုင်းပြီးမီးလှုံနေကြတာ။ အဲဒီမှာ စိတ္တရကျေးရွာကို စစ်ကြောင်းက ဝင်လာတယ်။ ကျမယောကျ်ားရော၊ ပြီးတော့ ကျောက်မော်က အုပ်ချုပ်ရေးမှူးကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားတယ်။ စုစုပေါင်း ရွာက ဖမ်းဆီးခေါ်ဆောင်သွားတာ ၈ ယောက်ပါ။ အခုအခုအချိန်ထိ ယောကျ်ား ကိုဆက်သွယ်မရသေးဘူး” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၁၃ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက စိတ္တရကျေးရွာနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ရာမှာ စိတ္တရကျေးရွာကို တပ်မတော်စစ်ကြောင်းက အရောက်မှာ ကျေးရွာအတွင်းရှိ နေအိမ်တလုံးပေါ်ကနေ အေအေက လက်နက်ငယ်နဲ့ စတင်ပစ်ခတ်ခဲ့လို့ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။ 

ဖြစ်စဉ်မှာ တပ်မတော်မှ အရာရှိတဦး လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာရရှိခဲ့ပြီ တပ်မတော် စစ်ကြောင်းကို စတင်ပစ်ခတ်ခဲ့တဲ့ နေအိမ်ကို ဝင်ရောက်စစ်ဆေးရာ ဖုံသာကျေးရွာမှ ဦးဉာဏ်သိန်းနဲ့ ကျောက်မော်ကျေးရွာက ဦးကျော်အေးမောင်တို့နှစ်ဦးအား လက်နက်ငယ်ကျည် ထိမှန်သေဆုံးနေတာ တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် ဖြစ်စဉ်နေရာအနီး မသင်္ကာဖွယ်ရာ စုဝေးရောက်ရှိနေတဲ့ မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာမှ ဖမ်းဆီးထားသူ အမျိုးသား ၇ ဦးကို မင်းပြားမြို့နယ်ရဲစခန်းကို လွှဲပြောင်းအပ်နှံသွားမယ်လို့လည်း တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013