DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်၏ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေ ပိုရှုပ်ထွေးလာဟု UNOCHA ပြော
DVB
·
December 14, 2019
ရခိုင်ပြည်နယ်၏ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေ ပိုရှုပ်ထွေးလာဟု UNOCHA ပြော
Donate to DVB

လူပေါင်း ၁၃၀၀၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ ရခိုင်ပြည်နယ်ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေဟာ ပိုပြင်းထန်လာတဲ့ တိုက်ပွဲတွေနဲ့  နေရပ်စွန့်ခွာ တိမ်းရှောင်မှု အသစ်တွေကြောင့် ပိုပြီးရှုပ်ထွေးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြောပါတယ်။

မနေ့က UNOCHA ရဲ့ ထုတ်ပြန်ချက်အရ ဒီဇင်ဘာလထဲမှာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့က စခန်း ၁၃၁ ခုကို လူပေါင်း ၄၅,၀၀၀ နီးနီး ထွက်ပြေးခဲ့ရပြီး ရွာခံမိသားစုတွေက ဘယ်လောက် လက်ခံထားရလဲ ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီဇင်ဘာလထဲမှာ မြန်မာတပ်မတော်နဲ့ ရခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲဖြစ်တာ မြင့်တက်လာပြီး ၂၀၁၉ ဒီဇင်ဘာ ၁ ရက်နေ့အထိ ရခိုင်ပြည်နယ် အစိုးရရဲ့ ကိန်းဂဏန်းတွေအရ ရခိုင်ပြည်နယ်ထဲက စခန်း ၁၁၉ ခုမှာ လူပေါင်း ၄၃,၀၀၀ လောက် နေရပ်စွန့်ခွာနေရပြီး ချင်းပြည်နယ်က စခန်း ၁၂ ခုမှာ လူပေါင်း ၁,၈၀၀ လောက် နေရပ်စွန့်ခွာ နေထိုင်နေတယ်လို့ ဆိုပါတယ်။

နေရပ်စွန့်ခွာရတာတွေနဲ့ တချို့ နေရပ်ပြန်မှုတွေဆိုင်ရာ ပုံမှန် အစီရင်ခံစာတွေအရ ရွှေ့ပြောင်းမှုတွေဟာ မတည်ငြိမ်ဘဲ ပြောင်းလဲနေတယ်လို့ ဆိုပါတယ်။

ဒီပဋိပက္ခကြောင့် မြောက်ဦး၊ ရသေ့တောင်၊ မြေပုံနဲ့ ဘူးသီးတောင် မြို့နယ်တို့မှာ လူပေါင်း ၉,၀၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်ရပြီးနောက် နေရပ်စွန့်ခွာရတဲ့ လူဦးရေဟာ နိုဝင်ဘာလထဲမှာ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။

ဒါကြောင့် ၂၀၁၂ ခုနှစ်ကစလို့  ဖြစ်ပေါ်လာတဲ့ ပြသနာတွေကြောင့် ရိုဟင်ဂျာတွေနဲ့ ကမန်တွေ အပါအဝင် လူပေါင်း ၁၃၁,၀၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေထိုင်နေတဲ့ ရခိုင်ပြည်နယ်ရဲ့ အခြေအနေဟာ အခုတော့ ပိုပြီး ရှုပ်ထွေးလာတယ်လို့ UNOCHA က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013