DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ်ရောင်းချမှုများ အရေးယူမည်
DVB
·
December 14, 2019
ကချင်ပြည်နယ်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ်ရောင်းချမှုများ အရေးယူမည်
Donate to DVB

ကချင်ပြည်နယ်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ်ရောင်းချတဲ့ show room တွေကို လာမယ့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ အရေးယူသွားမယ်လို့ အမှတ် (၁၅) ယာဉ်ထိန်းရဲ ဒုတပ်ခွဲမှူးရုံး ရဲမှူးရဲလွင်က ပြောပါတယ်။

လက်ရှိမှာတော့ ပညာပေးကာလအဖြစ် သတ်မှတ်ထားတဲ့အတွက် ဆိုင်ကယ်လိုင်စင်တွေကို လုပ်ဆောင်ပေးနေပြီး ပညာပေးကာလ ပြီးဆုံးပါက အရေးယူမှုတွေ စတင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

“Without ဆိုင်ကယ်တွေ မရှိရေးအတွက်ကို ကျနော်တို့ ဘုတ်အဖွဲ့နဲ့ စစ်ဆေးတာတွေ အရေးယူတဲ့အပိုင်းတွေ ဖြစ်လာမှာပါ။ အခုကတော့ လိုင်စင်ပေးနေတဲ့အချိန်ဖြစ်တဲ့အတွက် ပညာပေးအနေနဲ့ပဲ လုပ်နေသေးတယ်” လို့ ရဲမှူးရဲလွင်က ပြောပါတယ်။

အရေးယူမှုတွေကိုတော့ လာမယ့်ဇန်နဝါရီလကစပြီး လုပ်ဆောင်သွားမှာဖြစ်ပြီး Show Room တွေမှာ ပထမအကြိမ် လိုင်စင်မဲ့ ဆိုင်ကယ်တွေကို တွေ့ရှိပါက one stop Service အနေနဲ့ လိုင်စင်ပြုလုပ်ရမှာဖြစ်ပြီး ဒုတိယအကြိမ် ငွေကျပ် ၁၀ သိန်း၊ တတိယအကြိမ် ငွေကျပ် သိန်း၃၀ နဲ့ ထောင်ဒဏ် ၃ လအထိ ချမှတ်ခံရမှာပါ။

အဲ့ဒီလို ပြစ်ဒဏ်ချမှတ်မယ့် အစီအစဉ်တွေ ညွှန်ကြားချက်တွေကြောင့် ဆိုင်ကယ် show room အချို့ လိုင်စင်မဲ့ ဆိုင်ကယ်မထားတော့ဘဲ လိုင်စင်နဲ့ ဆိုင်ကယ်တွေကိုသာ ရောင်းချဖို့အတွက် ပြင်ဆင်ထားတယ်လို့ Best auto Bike  show room မှ ကိုသန့်ဇော်ဟိန်းက ပြောပါတယ်။

“လိုင်စင်မဲ့ဆိုင်ကယ်တွေ တင်ရင်ဖမ်းမယ်လို့ ပြောထားတဲ့အတွက် မရောင်းတော့ဘူး၊ အကုန်လိုင်စင်နဲ့ပဲ ထားပြီး ရောင်းတော့တယ်။  ဝယ်တဲ့သူတွေအတွက် ဆိုင်ကယ်ပေါ်မှာ လိုင်စင်ကြေး ၁ သိန်း ၂ သောင်း တခါတည်း ပေါင်းထည့်ပေးလိုက်တာပေါ့၊ ဈေးက နည်းနည်းပိုသွားတယ်။”

မြစ်ကြီးနားမြို့မှာ နေထိုင်ကြတဲ့ အခြေခံလူတန်းစားအများစုဟာ တရုတ်နိုင်ငံထုတ် ဆိုင်ကယ်အများစုကိုသာ ဝယ်ယူကြတာဖြစ်ပြီး အဲ့ဒီဆိုင်ကယ်တွေဟာ ဈေးသက်သာပေမယ့် နှစ်နှစ်ခွဲ သုံးနှစ် ဝန်းကျင်လောက်သာ ခံတယ်လို့ သိရပါတယ်။

လိုင်စင်လုပ်ခဈေးနှုန်းမှာ ဆိုင်ကယ်မော်ဒယ်အလိုက် ၁ သိန်းကျပ်ကနေ ၁ သိန်းခွဲကျပ်အထိ ရှိနေတာကြောင့် လိုင်စင်မဲ့ဆိုင်ကယ်အများစုကို စီးနင်းနေကြဆဲ ဖြစ်ပါတယ်။

ဟိန်းထက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013