DVB Logo
Home
မြန်မာသတင်း
အလဲဗင်း သတင်းထောက် အသတ်ခံရခြင်း ၃ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ
DVB
·
December 14, 2019
အလဲဗင်း သတင်းထောက် အသတ်ခံရခြင်း ၃ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ
1 / 5
Donate to DVB

မုံရွာ အလဲဗင်း သတင်းထောက် လုပ်ကြံသတ်ဖြတ်ခံရခြင်း ၃ နှစ်ပြည့်အောက်မေ့ဖွယ် အခမ်းအနားကို မုံရွာမြို့မှာ မနေ့က ပြုလုပ်ခဲ့ကြပြီး အမှုမှန်ဖော်ထုတ်ပေးရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။

မုံရွာဒေသ သတင်းသမားများ (Monywa Region Journalists -MRJs) နဲ့ မုံရွာမြို့ခံ အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူမှုကူညီရေးအသင်းတွေ ပူးပေါင်းပြီး ဒီဇင်ဘာလ ၁၃ ရက်နေ့က မုံရွာမြို့မှာ ပြုလုပ်ခဲ့တာပါ။



ဒီအခမ်းအနားကို အသတ်ခံရတဲ့ သတင်းထောက် စိုးမိုးထွန်း မိသားစုဝင်တွေနဲ့ သတင်းထောက်တွေ၊ အရပ်ဘက်အဖွဲ့တွေ၊ ကိုစိုးမိုးထွန်းကို ချစ်ခင်သူတွေ၊ မီဒီယာလွတ်လပ်ခွင့် လိုလားသူတွေ တက်ရောက်ခဲ့ကြပါတယ်။ 

ကိုစိုးမိုးထွန်းဓာတ်ပုံပါ အမှုမှန်ဖော်ထုတ်ပေးရေး ဗွီနိုင်း ပိုစတာတွေနဲ့ မုံရွာမြို့တော်ခန်းမရှေ့ကနေ ဗိုလ်ချုပ်လမ်းအတိုင်း ရွှေစည်းခုံဘုရားထိ ချီတက်လမ်းလျှောက်ကာ ဘုရားမှာ ဆီမီးထွန်း ဆုတောင်းခဲ့ကြပါတယ်။

"ဒီပွဲလုပ်ရတာက ရည်ရွယ်ချက် ၂ ချက်နဲ့လုပ်တာပါ။ ပထမတခုက အခုလို သတင်းသမားတွေ အသတ်ခံနေရတဲ့အတွက် သတင်းသမား ကာကွယ်စောင့်ရှောက်ရေးဥပဒေ ပေါ်ထွက်လာစေချင်တယ်။ နောက်တချက်က သူ့အမှုက အခုထိ မပေါ်သေးဘူး။ ကျန်တဲ့သတင်းသမားတွေအတွက်ပါ ခြိမ်းခြောက်ခံရတာနဲ့ အတူတူပဲဖြစ်တယ်။ ကိုယ် စိတ် မလုံခြုံဘူး။ ဒါကြောင့် အမှုမှန်ပေါ်ဖို့လိုတဲ့အတွက် လုပ်ရတာဖြစ်ပါတယ်" လို့ မုံရွာဒေသ သတင်းသမားများရဲ့ တာဝန်ခံတဦးဖြစ်သူ ကိုတိုး(ချင်းတွင်း)က ပြောပါတယ်။ 

ကိုစိုးမိုးထွန်းက ၂၀၁၆ ဒီဇင်ဘာ ၁၃ ရက် မနက် ၁ နာရီခန့်အချိန်က မုံရွာမြို့ ပြည်ထောင်စုလမ်းဘေးမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ မျက်နှာဖူးရောင်ဒဏ်ရာတွေနဲ့ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အောင်ကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013