မန်ချက်စတာစီးတီးဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲ အပါအဝင် ပွဲစဉ်တွေ ဆက်တိုက်ဖြစ်နေတာကြောင့် ဘုန်းမောက်၊ ပဲလေ့စ်တို့နဲ့ ကစားရမဲ့ ပွဲစဉ်တွေကို ပြန်လည်ပြင်ဆင်ဖို့ ပရီးမီးယားလိဂ်နဲ့ ညှိနှိုင်းနေပါတယ်။
မေ ၁၆ ရက်မှာ ကစားမဲ့ ချဲလ်ဆီးနဲ့ ဗိုလ်လုပွဲမတိုင်ခင်နဲ့ နောက်ပိုင်းမှာ အဲဒီပွဲစဉ်တွေကို ကစားရဖို့ ရှိနေတာပါ။
စီးတီးကတော့ ပွဲစဉ်တွေကို အစီအစဉ်အတိုင်း မဟုတ်ဘဲ ပြောင်းလဲကစားခွင့်ရဖို့ မျှော်လင့်နေပြီး ဒါဟာ ချန်ပီယံဆုအတွက် အားပြိုင်နေရတဲ့ အာဆင်နယ်ထက် အသာရစေမဲ့ အခွင့်အရေးလည်း ဖြစ်လာနိုင်ပါတယ်။
အခုလို အရေးကြီးတဲ့ အချိန်မှာ ပွဲစဉ်ဇယား အပြောင်းအလဲက စီးတီးအတွက် အနားရချိန် ပိုရစေနိုင်တာကြောင့် အာဆင်နယ်ဘက်ကတော့ ဒီအခြေအနေကို စောင့်ကြည့်နေပါတယ်။
လောလောဆယ်မှာတော့ ပရီးမီးယားလိဂ်ဘက်က အတည်ပြုချက် ထုတ်ပြန်ခြင်း မရှိသေးတာကြောင့် ခရီးသွားရမဲ့ ပရိသတ်တွေအတွက်လည်း စိုးရိမ်စရာ ဖြစ်နေပါတယ်။










