
အမေရိကန်တပ်ဖွဲ့တွေဟာ ဟော်မုဇ်ရေလက်ကြားနဲ့ ပင်လယ်ကွေ့ဘက်ကို ဦးတည် ပစ်လွှတ်လိုက်တဲ့ အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်နဲ့ ဒရုန်းအများအပြားကို ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ အမေရိကန် ဗဟိုကွပ်ကဲရေးဌာန (CENTCOM) က ဇွန် ၅ ရက်မှာ ထုတ်ပြန်ပြော ပါတယ်။
ဟော်မုဇ်ရေလက်ကြားကို ပစ်လွှတ်ခဲ့တဲ့ အီရန်ရဲ့ တလမ်းသွား တိုက်ခိုက်ရေးဒရုန်း ၄ စင်းကို CENTCOM မှ ပစ်ချပြီး နာရီပိုင်း အကြာမှာပဲ အီရန်ဟာ ကူဝိတ်နဲ့ ဘာရိန်းနိုင်ငံတွေဘက်ကို ပဲ့ထိန်းဒုံးကျည် ၇ စင်း ထပ်မံပစ်ခတ်ခဲ့တာလို့ အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒီတိုက်ခိုက်ရေးဒရုန်းတွေဟာ ဒေသတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှု သွားလာရေးအတွက် တိုက်ရိုက်ခြိမ်းခြောက်မှု ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲဒီနောက် ပင်လယ်ရေကြောင်းတိုက်ခိုက်မှုတွေ ထပ်မံမဖြစ်ပွားအောင် ကာကွယ်ဖို့အတွက် အမေရိကန် တပ်ဖွဲ့တွေဟာ ဂိုရပ်ခ်ကျွန်းနဲ့ ကက်ရှ်မ်ကျွန်းတွေပေါ်မှာရှိတဲ့ အီရန်ရဲ့ ကမ်းရိုးတန်းစောင့်ကြည့်ရေး ရေဒါစခန်းတွေကို လိုက်လံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အီရန်ဘက်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် ၇ စင်းထဲက ၆ စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့ပြီး ကျန်တဲ့ ၁ စင်း ကတော့ ရည်မှန်းထားတဲ့ပစ်မှတ်ကို မရောက်ရှိခဲ့ဘူးလို့ ကနဦးသုံးသပ်ချက်တွေအရ သိရတယ်လို့ CENTCOM က ပြောပါတယ်။
အီရန်က ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေထဲက ၆ စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့ပြီး အနောက်ဆုံး ၁ စင်းကတော့ ရည်မှန်းထားတဲ့ပစ်မှတ်ကို မရောက်ရှိခဲ့ဘူးလို့ သိရကြောင်း ဗဟိုကွပ်ကဲရေးဌာန CENTCOM က ပြောပါတယ်။
ရိုက်တာသတင်းဌာနအနေနဲ့ ကမ်းရိုးတန်း၊ အဆောက်အအုံတိုင်တွေ၊ အနီးနားက ရေပြင်နဲ့ ပတ်ဝန်းကျင်က အဆောက်အအုံ တည်ဆောက်ပုံတွေကို ဂြိုဟ်တုဓာတ်ပုံတွေနဲ့ တိုက်ဆိုင် စစ်ဆေးပြီး တိုက်ခိုက်ခံရတဲ့နေရာကို အတည်ပြုနိုင်ခဲ့ပါတယ်။
အီရန်စစ်တပ်ဘက်ကတော့ စနေနေ့ မနက်အစောပိုင်း ဒေသစံတော်ချိန်မှာ အမေရိကန်က ဆီရစ်ခ် နဲ့ ကက်ရှ်မ် ကျွန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ ပြောကြားထားပါတယ်။
Source: Reuters










