ယူကရိန်း ဒရုန်းတပ်ဖွဲ့တွေက ရုရှားအပေါ် ရေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာတာနဲ့ အမျှ ဇူလိုင် ၁၇ ရက်က ပင်လယ်နက်အတွင်းရှိ ရုရှားသင်္ဘော ၁၂ စင်းကို ယူကရိန်းဒရုန်းတွေနဲ့ ထပ်မံ တိုက်ခိုက်ခဲ့တယ်လို့ ကိယိဗ်ရဲ့ ဒရုန်းတပ်ဖွဲ့ တပ်မှူးက ပြောပါတယ်။
ဒရုန်းတပ်ဖွဲ့ တပ်မှူးရောဘတ်ဘရော့ဗ်ဒီက အဲဒီသင်္ဘောတွေကို တိုက်ခိုက်နေတဲ့ ရုပ်သံဖိုင်လို့ ဆိုရမဲ့ ဗီဒီယိုကို တယ်လီဂရမ်ပေါ်မှာ တင်ခဲ့တာပါ။
တိုက်ခိုက်ခံရတဲ့ ပစ်မှတ်တွေထဲမှာ ကုန်စည်သင်္ဘော ၉ စင်း၊ ဆီတင်သင်္ဘော ၁ စင်း၊ ဓာတ်ငွေ့တင်သင်္ဘော ၁ စင်းနဲ့ တွန်းသင်္ဘော ၁ စင်းတို့ပါဝင်တယ်လို့ ဘရော့ဗ်ဒီက တယ်လီဂရမ်မှာ ပြောထားပါတယ်။
ဒါကြောင့် ဒီလထဲမှာတင် အာဇော့ဗ်ပင်လယ်နဲ့ ပင်လယ်နက်အတွင်း တိုက်ခိုက်ခံရတဲ့ သင်္ဘောစုစုပေါင်း ၁၅၉ စင်းအထိ ရှိသွားပြီလို့လည်း သူက ဆိုပါတယ်။










