
စစ်အာဏာရှင်ရုံးစိုက်ရာ နေပြည်တော်မှာ စစ်တပ်က လူကူးခုံးကျော်တံတားတွေကို ရထားနဲ့ ကားလမ်းကူး နေရာတွေမှာ တည်ဆောက်နေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
နေပြည်တော်မှာ နေထိုင်သူတယောက်က "သူ့ လမ်းကြောင်းသွားတဲ့နေရာမှာ ရထားကဖြတ်တော့ သူက စောင့်ရတယ်။ နှစ်ခါတောင် သူကြုံရတာပေါ့။ အဲဒါကြောင့် ခုံးကျော်တံတားတွေ ထိုးပစ် လိုက်တာ။ သူမစောင့်ချင်ဘူးပေါ့။ သူလာရင်အကုန်လုံးကအဆင်သင့်ဖြစ်နေရမယ်။ လမ်းပွင့် နေရမယ်။ အဲဒီလိုမျိုး။ တကယ်တမ်းက ခုံးကျော်တံတားထိုးဖို့ မလိုပါဘူး။ လမ်းကျပ်နေတာလည်း မဟုတ်ဘူး" လို့ ပြောပါတယ်။
လက်ရှိ ပုဗ္ဗသီရိမြို့နယ်မှာ ခုံးကျော်တံတားစီမံကိန်းကို စတင်လုပ်ဆောင်နေတာလို့ သိရပါတယ်။
အဆိုပါလမ်းပိုင်းမှာ တနေ့လျှင် ရန်ကုန်-နေပြည်တော် -မန္တလေး အသွားအပြန် ရထား ၄ စင်းသာ ဖြတ်သန်းသွားလာတာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် နေပြည်တော်မှာရှိတဲ့ပန်းခြံတွေမှာလည်း မင်းအောင်လှိုင်ပုံစံတူ ရုပ်တုကိုလည်း ထားဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။











