
၇ တန် အလေးချိန် ကုန်စည်တွေကို တင်ဆောင်ပျံသန်းနိုင်တဲ့ ဒရုန်း ချန်းယဉ်ပါ့ဟာ မတ် ၃၁ ရက်မှာ တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ်၊ ကျန်းကျိုးမြို့မှာ ပထမဆုံး စမ်းသပ်ပျံသန်းမှုကို အောင်အောင်မြင်မြင် ပြီးမြောက်ခဲ့ပါတယ်။
ဒရုန်းယာဉ်ကြီးဟာ မြေပြင်ကနေ ပျံတက်ဖို့ မီတာ ၂၈၀ သာလိုပြီး ဉာဏ်ရည်ထက်မြက်တဲ့ ပျံသန်းမှု ထိန်းချုပ်ရေး၊ လေယာဉ်ထုတ်လုပ်မှုဆိုင်ရာ အီလက်ထရောနစ်ပညာ၊ လောင်စာဆီနဲ့ ပျံသန်းမှု အရည်အသွေးလိုမျိုး စနစ်အမျိုးမျိုးရဲ့ အဓိကဘာသာရပ်တွေကို အောင်အောင်မြင်မြင် အတည်ပြု နိုင်ခဲ့ပါတယ်။
ချန်းယဉ်ပါ့ဟာ ပထမဆုံးပျံသန်းမှုကို အောင်အောင်မြင်မြင် ပြီးမြောက်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး မောင်းသူမဲ့ ကုန်တင်ဒရုန်း ဖြစ်ပါတယ်။
China North Industries Groups Corporation က လွတ်လွတ်လပ်လပ် တီထွင်ထားတဲ့ မောင်းသူမဲ့ ကုန်တင်ဒရုန်းဟာ အလျား ၁၇ မီတာနဲ့ တောင်ပံအစွန်း အကွာအဝေး ၂၅ မီတာ ရှိပါတယ်။
၁၈ ကုဗမီတာရှိတဲ့ အလွန်ကြီးတဲ့ ကုန်တင်သိုလှောင်ရုံတခုပါရှိပြီး စံလေယာဉ်ကွန်တိန်နာ အမျိုးအစား အများအပြားအပြင် အထူးပြုလုပ်ထားတဲ့ အအေးခံသိုလှောင်သေတ္တာတွေကိုပါ ထား ရှိနိုင်ပါတယ်။
၁၅ မိနစ်အတွင်း ကုန်တင်ကုန်ချ လုပ်ငန်းတို့ကို အပြီးသတ်နိုင်ပြီး ထောက်ပံ့ပို့ဆောင်ရေး လည်ပတ်မှု စွမ်းဆောင်ရည်ကို သိသိသာသာ တိုးတက်စေပါတယ်။
ဒရုန်းမှာ အများဆုံး ပျံတက်အလေးချိန် ၇ တန်၊ ဝန်တင်နိုင်စွမ်း ၃ ဒသမ ၅ တန်နဲ့ ကီလိုမီတာ ၃,၀၀၀ ကျော် အကွာအဝေးကို ပျံသန်းနိုင်ပါတယ်။
မြင့်မားတဲ့ အမြင့်ပေကနေ ပျံတက် ပျံဆင်းခြင်းအပြင် မီတာ ၂၀၀ အထိတိုတဲ့ ပြေးလမ်းတွေပေါ် ကနေ ပျံတက်ပျံဆင်း လုပ်နိုင်လို့ မတူညီတဲ့ ပတ်ဝန်းကျင် အခြေအနေတွေမှာ လည်ပတ်နိုင်ပါတယ်။
Source: Reuters










