DVB Logo
Home
မြန်မာသတင်း
 နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာသန်း ၁၄၀၀ နီးပါး ဝင်ရောက်
DVB
·
December 3, 2019
 နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာသန်း ၁၄၀၀ နီးပါး ဝင်ရောက်
1 / 2
Donate to DVB

၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်ကနေ  နိုဝင်ဘာ ၂၉ ရက် အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း  ၄၁ ခု၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၄ ခုကို အတည်ပြု ခွင့်ပြုပေးခဲ့တယ်လို့  မြန်မာနိုင်ငံရင်းနှီမြှုပ်နှံမှုကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်က ပြောပါတယ်။



ဒီဇင်ဘာ ၂ ရက်နေ့က ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နဲ့ သတင်းမီဒီယာတွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာပါ။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ  နိုဝင်ဘာ ၂၉ ရက်အထိ မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏက အမေရိကန်ဒေါ်လာ ၁,၃၉၂ ဒသမ ၆၂၉ သန်း  ရှိတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ လျှပ်စစ်အခန်းကဏ္ဍ၊ ကုန်ထုတ်လုပ်မှုအခန်းကဏ္ဍနဲ့ ဝန်ဆောင်မှုလုပ်ငန်း ကဏ္ဍတွေမှာလည်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ဝင်ရောက်လာဖို့ မျှော်လင့်တယ်လို့လည်း  ဝန်ကြီးဦးသန့်စင်က ပြောပါတယ်။

လာမယ့် ဒီဇင်ဘာလ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာလည်း တနင်္သာရီတိုင်းဒေသကြီးမှာ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကျင်းပပြီး ပြည်တွင်း ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ဖို့ ရှိနေပါတယ်။

နူးရာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013