DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်ရှိ လူဦးရေ ၃၀ ရာခိုင်နှုန်း ပုံမှန်ဝင်ငွေမရှိဟု လွှတ်တော်ဥက္ကဋ္ဌပြော 
DVB
·
November 30, 2019
ကရင်ပြည်နယ်ရှိ လူဦးရေ ၃၀ ရာခိုင်နှုန်း ပုံမှန်ဝင်ငွေမရှိဟု လွှတ်တော်ဥက္ကဋ္ဌပြော 
Donate to DVB

ကရင်ပြည်နယ်အတွင်း လူဦးရေ ၃၀ ရာခိုင်နှုန်းမှာ လုပ်ငန်းပုံမှန်ဝင်ငွေ မရှိတဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းနဲ့ စီးပွားရေးလုပ်ငန်းတွေ အများကြီးလုပ်ဖို့ လိုတယ်လို့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်က ပြောပါတယ်။

နိုဝင်ဘာ ၂၉ ရက်က ကရင်ပြည်နယ် ဘားအံမြို့  တော်ဝင်ရတနာဟိုတယ်မှာ လုပ်တဲ့ ‘ကရင်ပြည်နယ်အတွင်း အားလုံးပါဝင်သော ငွေရေးကြေးရေးကဏ္ဍခရီးစဉ်’ မိတ်ဆက်ပွဲ အခမ်းအနားမှာ ပြောဆိုခဲ့တာပါ။

“ကရင်ပြည်နယ်မှာဆိုရင် လူဦးရေ ၃၀ ရာခိုင်နှုန်းက လုပ်ငန်း ပုံမှန်ဝင်ငွေမရှိဘူး။ ၃၁ ရာခိုင် နှုန်းက ၁ လကို ၃ သိန်းလောက်ပဲ ဝင်ငွေရရှိပါတယ်။ ဒါကြောင့်မို့လို့ အလုပ်အကိုင် အခွင့်အလမ်းရော စီးပွားရေးလုပ်ငန်းရော အများကြီးလုပ်ဖို့ လိုအပ်တယ်” လို့ ဆိုပါတယ်။

ကရင်ပြည်နယ်အတွင်း အလုပ်အကိုင်ရရှိရေးနဲ့ စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့၊ အမျိုးသမီးတွေ စီးပွားရေးနဲ့ ငွေရေးကြေးရေးကဏ္ဍ လုပ်ငန်းစဉ်မှာ ပါဝင်လာပြီး လုပ်ဆောင်တတ်စေဖို့  ဒီအခမ်းအနားကို ကျင်းပတာပါ။

ကမ္ဘာ့ကုလသမဂ္ဂ အရင်းအမြစ်ဖွံ့ဖြိုးမှုရန်ပုံငွေအဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Paul Luchtenbug က “အမျိုးသမီးတွေအတွက် အ‌ခြေအနေတရပ်ကို ဖန်တီးပေးချင်တယ်။ ငွေကြေးဆိုင်ရာနဲ့ပတ်သက်ပြီး ကူညီရယူလိုတဲ့ ချေးငွေတွေ ယူချင်တယ်ဆိုရင် ယူခွင့်ရအောင် ဝိုင်းပြီး ပံ့ပိုးပေးချင်တယ်”လို့ အခမ်းအနားမှာ ပြောပါတယ်။

၂၀၁၃ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အကြား တနိုင်ငံလုံးရဲ့ ဆင်းရဲနွမ်းပါးမှုလက္ခဏာ ၂၂ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး ကရင်ပြည်နယ်က ဒေသခံပြည်သူတွေဟာ ကျန်းမာရေးနဲ့ ပညာရေးတွေမှာ ငွေကြေးသုံးစွဲမှု တနိုင်ငံလုံး ပျမ်းမျှထက် မြင့်မားနေတယ်လို့ ဆိုပါတယ်။

အခမ်းအနားကို ကရင်ပြည်နယ်အစိုးရရဲ့ ကြီးကြပ်မှုနဲ့ ကမ္ဘာ့ကုလသမဂ္ဂ အရင်းအမြစ်ဖွံ့ဖြိုးမှု ရန်ပုံငွေအဖွဲ့ (UNCDF)၊ UKaid တို့ရဲ့ ကူညီပံ့ပိုးပေးမှုနဲ့ ပြုလုပ်ခဲ့တာပါ။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013