DVB Logo
Home
မြန်မာသတင်း
ပင်လောင်းနှင့် ဖယ်ခုံတွင် တလအတွင်း ဘိန်းစိုက်ဧက ၄၀၀ ကျော်ဖျက်ဆီး
DVB
·
November 24, 2019
ပင်လောင်းနှင့် ဖယ်ခုံတွင် တလအတွင်း ဘိန်းစိုက်ဧက ၄၀၀ ကျော်ဖျက်ဆီး
Donate to DVB

အခုနှစ် ဘိန်းစိုက်ရာသီ နိုဝင်ဘာလနောက်ဆုံးပတ် တလအတွင်းမှာ ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်တို့မှာ ဘိန်းစိုက်ဧက ၄၀၀ ကျော်ဖျက်ဆီးခဲ့တယ်လို့ မူးယစ်ဆေးအလွဲသုံးမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းကလည်း တပ်မတော်သားတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု ၂၆ ပင်လောင်းက တပ်ဖွဲ့ဝင်တွေ၊ ကျေးရွာနေ ပြည်သူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ လွယ်အယ်ရွာ အနောက်မြောက်ဘက်မှာ စိုက်ပျိုးထားတဲ့ ဘိန်းခင်း ၁၁ ဧကလောက်၊ တင်းထက်ရွာ အနောက်တောင်ဘက်မှာ စိုက်ပျိုးထားတဲ့ ဘိန်းခင်း ၃၄ ဧက လောက်ကို ဖျက်ဆီးခဲ့ပါတယ်။

ဒါကြောင့် အခုနှစ် ဘိန်းစိုက်ရာသီ ပင်လောင်းမြို့နယ်မှာ အောက်တိုဘာ ၂၉ ရက်ကနေ နိုဝင်ဘာ ၂၃ ရက်အထိ ဘိန်းခင်း ၂၉၉.၅ ဧက၊ ဖယ်ခုံမြို့နယ်မှာ အောက်တိုဘာ ၂၈ ရက်ကနေ နိုဝင်ဘာ ၂၃ ရက်အထိ ဘိန်းခင်း ၁၃၉ ဧက တို့ကို ဖျက်ဆီးခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013