ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ နော်တင်ဟမ်ဖောရက်စ်က ပေါ်တိုကို (၁-၀) ဂိုးနဲ့ အနိုင်ရပြီး နှစ်ကျော့ပေါင်း (၂-၁) ဂိုးနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
ဒီပွဲအတွက် အနိုင်ဂိုးကို မော်ဂန်ဂစ်ဘ်စ်ဝှိုက်က သွင်းယူပေးခဲ့တာပါ။ ပွဲအစမှာပဲ ပေါ်တိုကစားသမား ဂျန်ဘက်ဒ်နာရက်ခ် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရလို့ ဖောရက်စ်တို့ အသာစီးရခဲ့ပါတယ်။
ဖောရက်စ်ဟာ ဆီမီးဖိုင်နယ်မှာ အက်စတွန်ဗီလာနဲ့ ဆက်လက်ယှဉ်ပြိုင်ကစားရမယ်လို့ အားကစားသတင်းတွေအရ သိရပါတယ်။
ဒါပေမဲ့ ဒီပွဲမှာ ဖောရက်စ်ကစားသမားတွေဖြစ်တဲ့ ခရစ်ဝုဒ်၊ မူရီလိုနဲ့ ဟက်ဒ်ဆန်အိုဒွိုင်းတို့ ဒဏ်ရာရသွားခဲ့တာကြောင့် တန်းဆင်းဇုန်က လွတ်မြောက်ဖို့ ဘန်လေနဲ့ ကစားရမဲ့ ပွဲစဉ်အတွက် နည်းပြ ဗစ်တာဖာရဲရား အနေနဲ့ အခက်တွေ့နိုင်ပါတယ်။










